ရန်ကုန်တိုင်းဒေသကြီး  ပုလဲမြို့သစ်ရှိ နွယ်ခွေယန္တရားတပ်ခွဲ (တောင်)  ပစ္စည်းသိုလှောင်ရေးဝင်း၊ လှည်းကူးမြို့နယ် အမှတ် (၇) လမ်းဖောက်လုပ်နေမှု  ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး


 

နေပြည်တော်   ဧပြီ   ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး    ပုလဲမြို့သစ်  နွယ်ခွေယန္တရားဝင်းသို့ ရောက်ရှိပြီး စက် ၊ ယာဉ် ၊ ယန္တရားများ  လုံခြုံရေး အထူးဂရုပြုရန်၊   ကျူးကျော်တဲများ  ချဉ်းကပ်မှု မရှိစေရေး  ဝန်ထမ်းအင်အား  လုံလောက်စွာ  စုဖွဲ့ တာဝန်ပေးအပ်ရန်   မှာကြားကာ   လုံခြုံရေးဂိတ်၊ ပစ္စည်းဟောင်း ဂိုဒေါင်နေရာများ၊ စက်ပြင် / စက်မောင်းဝန်ထမ်းလိုင်းခန်းနေရာနှင့်        စက်ယာဉ် ယန္တရားများ ထိန်းသိမ်းထားရှိမှုနှင့် နွယ်ခွေ ယန္တရား ဝင်း    ပတ်လမ်းတစ်လျှောက်   လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ယန္တရားအခြေစိုက်ရုံး (အောက် မြန်မာပြည်)   ရုံးအခြေစိုက်မြေနေရာ   ခွဲဝေရရှိမှု၊ ခြံစည်းရိုးကာရံပြီးစီးမှု ၊ ရုံး ၊ ဝန်ထမ်းအိမ်ရာ၊ ဂိုဒေါင် နှင့် စက်ယာဉ်ယန္တရားများ ထိန်းသိမ်းထားရှိမှု တို့ကို  ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ  မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လှည်းကူး မြို့နယ်   အမှတ်(၇)လမ်းတစ်လျှောက်    ကြည့်ရှု စစ်ဆေးပြီး   Max  Myanmar  Company  မှ  B.O.T စနစ်ဖြင့်    ဆောင်ရွက်လျက်ရှိသော   အမှတ်(၂)လမ်းမကြီး ၊ မိုင်တိုင် (၂၂) မှ (၂၃) ကြား ကွန်ကရစ် လမ်းချဲ့နေမှုကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ရာ ကုမ္ပဏီတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်            အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လမ်းနယ်နိမိတ် တွင်း   ကျူးကျော်များ  မရှိစေရန်၊   လမ်း  Design မှန်ကန်မှုရှိရန်တို့အား   ဌာနဆိုင်ရာနှင့်   ပူးပေါင်း ဆောင်ရွက်ရန်    လမ်းခံနိုင်ဝန်တွက်စစ်ပုံအတိုင်း စံချိန်စံညွှန်းပြည့်အောင်  ဆောင်ရွက်ရန်  မှာကြား သည်။
ဆက်လက်၍  ဒုတိယဝန်ကြီးသည်  ရန်ကုန် -  မန္တလေး ပြည်ထောင်စုလမ်းမကြီးနှင့် အမှတ် (၂) လမ်းဆုံနေရာသို့ ရောက်ရှိပြီး ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံရေးအတွက်         လမ်းလယ်ကျွန်း ထားရှိမှု၊       အမှတ်အသား      ဆိုင်းဘုတ်များ တပ်ဆင်မှုတို့ကို   ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည် များ    မှာကြား၍  ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီးအတိုင်း လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။                                       သတင်းစဉ်