လူငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို တီထွင်ဆန်းသစ်မှုများဖြင့် ဖော်ဆောင်ကြစို့ အစီအစဉ်ဖြင့် Online ဆွေးနွေးပွဲ ကျင်းပမည်

 

နေပြည်တော်    ဧပြီ     ၁၉
ကမ္ဘာ့အသိဉာဏ်ပစ္စည်း   မူပိုင်ခွင့်အဖွဲ့      (World Intellectual Property Organization- WIPO) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့   ပူးပေါင်း စီစဉ်ဆောင်ရွက်သည့် “ကမ္ဘာ့အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်အဖွဲ့နှင့် အာဆီယံဒေသတွင်းညီလာခံအား လူငယ်များအတွက်         ပိုမိုကောင်းမွန်သော      အနာဂတ်ကို တီထွင်ဆန်းသစ်မှုများဖြင့် ဖော်ဆောင် ကြစို့” အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ် ဧပြီ  ၂၅  ရက်  နံနက်  ၁၁  နာရီမှ  မွန်းလွဲ  ၁  နာရီ  ၄၅  မိနစ် အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ Online ဆွေးနွေးပွဲသို့  တက်ရောက်ရန် စိတ်ပါဝင်စားသူ များသည် https://www.wipo.int/meetings/en/ details.jsp?meeting_id=70428  မှတစ်ဆင့် အမည်စာရင်း   ပေးသွင်းနိုင်ပြီး    အစီအစဉ်နှင့် ပတ်သက်၍  သိရှိလိုသည်များကို လူငယ်ရေးရာ ဦးစီးဌာန၊ တယ်လီဖုန်း အမှတ် ၀၆၇-၃၄၁၃၉၄၇၊ ၀၉-၇၇၇၃၃၃၅၄၅၊   ၀၉-၄၂၅၃၂၅၁၃၃    တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။                              သတင်းစဉ်