အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော  ဆန်နှင့် ဂျုံများကို မြို့နယ် ၁၁ မြို့နယ်သို့ ဖြန့်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော်    ဧပြီ    ၁၉
အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော  ဆန်နှင့်  ဂျုံတန်ချိန်  ၈၀၀၀  ခန့်ကို  ထားရှိမည့်  ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အေရှားဝေါလ် ဆိပ်ကမ်းနှင့်           မြန်မာ့စက်မှုဆိပ်ကမ်းတို့တွင်  အဆင်ပြေစွာထုတ်ယူနိုင်ရေး    ဆောင်ရွက်ထားရှိ မှုများကို   ယနေ့မွန်းလွဲပိုင်းတွင်    ရန်ကုန်တိုင်း ဒေသကြီး   ဝန်ကြီးချုပ်   ဦးစိုးသိန်း၊   ရန်ကုန်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ်   ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက     သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဆန်နှင့် ဂျုံများ ဖြန့်ဝေနိုင်ရေး
ယင်းနောက်   အိန္ဒိယအစိုးရက   မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု      အထောက်အပံ့ အဖြစ်  လှူဒါန်းသော  ဆန်နှင့်  ဂျုံများကို    မြို့နယ် ၁၁ မြို့နယ်သို့ ဖြန့်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို     ရန်ကုန်တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌   ကျင်းပရာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ကြသည်။ 
ဦးစွာ   တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က အမှာစကားများ ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန   တိုင်းဒေသကြီးဦးစီးမှူးနှင့်   ဌာန ဆိုင်ရာတာဝန်ရှိသူများက     ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ပြည်သူများထံသို့ စနစ်တကျရောက်ရေး
ထို့နောက်      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်က ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများအား VIDEO CONFE-RENCING  စနစ်ဖြင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အဖြစ် လှူဒါန်းသော ဆန်နှင့် ဂျုံတန်ချိန် ၈၀၀၀ ခန့်ကို  မြို့နယ် (၁၁) မြို့နယ်ရှိ ပြည်သူများထံသို့ စနစ်တကျ       ရောက်ရှိစေရေး     ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။                   သတင်းစဉ်