
ရန်ကုန် ဧပြီ ၁၈
ပြည်ပပို့ကုန်ဈေးကွက် ခိုင်မာစွာ ရရှိထားသော ရခိုင်ပြည်နယ်မှ ကဏန်းပျော့များအား မြို့နယ်သုံး ခုရှိ စက်ရုံများမှ မွေးမြူထုတ်လုပ် လျက်ရှိရာ လက်ရှိမွေးမြူလျက်ရှိ သော ၁၆၇ဧကကျော်မှ ဧက၅၀၀ ခန့်အထိ တိုးချဲ့မွေးမြူထုတ်လုပ် နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကဏန်း ပျော့ မွေးမြူသောလုပ်ငန်းအား ၂၀၀၉-၂၀၁၀ခုနှစ် ဝန်းကျင်၌ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ မြို့နယ်တို့တွင် စတင်စမ်းသပ် မွေးမြူခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူ မြို့နယ် ချီကျွန်းဒေသ၌ လုပ်ငန်း ရှင်တစ်ဦးမှ ကဏန်းကောင်ရေ ၅၀၀၀၀ ခန့် အများဆုံးစမ်းသပ် မွေးမြူခဲ့ခြင်းဖြစ်သည်။ ကဏန်း ပျော့ မွေးမြူရေးလုပ်ငန်းကို စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့ရှိ ၉၇ ဒသမ ၈၅ ဧရိယာ တွင် နှစ်ကန်၊ ကျောက်ဖြူမြို့နယ် ရှိ ၃၇ ဒသမ ၇၅ ဧရိယာတွင် ငါး ကန်၊ သံတွဲခရိုင် တောင်ကုတ် မြို့နယ်ရှိ ၃၁ ဒသမ ၉၀ ဧက၌ ခြောက်ကန်ဖြင့် စုစုပေါင်း ၁၆၇ ဒသမ ၅၀ ဧကတွင် မွေးမြူရေး ကန် ၁၃ ကန်ဖြင့် မွေးမြူထုတ်လုပ် လျက်ရှိသည်။
ကဏန်းမှ ကဏန်းပျော့ကို မွေးမြူရေးကန်များ၌ အလုပ် သမားများဖြင့် စောင့်ကြည့်၍ ကဏန်းပျော့အဖြစ် အရေခွံလဲ ချိန်တွင် ထုတ်ယူပြီး အအေးခန်း စက်ရုံသို့ပို့ဆောင် ထုပ်ပိုးပြီးနောက် ပြည်ပဈေးကွက်သို့ အရှင်တင်ပို့ လျက်ရှိသည်။ ကဏန်းမှ ကဏန်း ပျော့အဖြစ် ပြောင်းလဲရာတွင် ကျန်ရှိခဲ့သော ကဏန်းအခွံနှင့် ခြေလက်များအား ယခင်က စွန့်ပစ်လေ့ရှိပြီး ယခုအခါ ထိုအခွံ များကိုကြိတ်၍ ငါးအစာနှင့် မြေဩဇာအဖြစ် အဆင့်မြင့် ပြုပြင်ထုတ်လုပ်မှုဖြင့် ရေထွက် ကုန်ထုတ်လုပ်မှုတွင် တန်ဖိုးမြှင့် ထုတ်လုပ်လျက်ရှိကာ ဒေသခံများ လည်း အလုပ်အကိုင် အခွင့်အလမ်း များ ရရှိနေသည်။
“ရခိုင်ပြည်နယ် ကဏန်းပျော့ ကို ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှားနဲ့ အီးယူနိုင်ငံ တွေကိုတင်ပို့ တယ်လို့သိရပါ တယ်။ ဒါကြောင့် ဝယ်လိုအား ကောင်းတဲ့အတွက် ကဏန်း အကောင်ငယ်တွေပါ ဖမ်းဆီး ရောင်းချမှုမရှိအောင် ထိန်းသိမ်း ဆောင်ရွက်နေပါတယ်။ ပြီးတော့ ကဏန်းမွေးမြူရေးဧရိယာ တိုးချဲ့ ဖို့အတွက် ကန်ပြုပြင်မှုနဲ့ မြေယာ အသုံးချမှုရဖို့အတွက် လာမယ့် မိုးရာသီပြီးရင် စတင်အကောင် အထည်ဖော်လိမ့်မယ်ထင်တယ်။ အဲဒါပြီးသွားရင် ကဏန်းပျော့ မွေးမြူရေးဧရိယာဧက ၅၀၀ ဖြစ်လိမ့်မယ်။ ပုဏ္ဏားကျွန်းမြို့ နယ်မှာလည်း ကဏန်းမွေးမြူ ရေးဧရိယာ ထပ်ချဲ့နေတာရှိ တယ်။ ကဏန်းမွေးမြူရေး ဧရိယာ ဧက ၅၀၀ ဆိုရင် ကန်ပေါင်း ၂၀ ထိတိုးလာမှာပါ ”ဟု ရခိုင် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက ပြောသည်။
ဒေသ ရွှံ့ကဏန်းမျိုးစိတ်ကို ဦးစွာ ကုန်ကြမ်းစုဆောင်းခြင်း၊ အရွယ်အစားရွေးချယ်ခြင်း၊ ၁၀၀ ဂရမ်အထက်အား အရေပျော့မွေးကန်သို့ပေးပို့ခြင်း၊ အရေခွံ လဲ သည့်အထိ (၄၅-၆၀)ရက်အထိ မွေးမြူခြင်း၊ အရေပျော့ကဏန်း ဖမ်းဆီးခြင်း၊ အရေခွံများ ပြန်မမာ စေရန် 15ppm ကလိုရင်းဖြတ်၍ မိနစ် ၃၀ ခန့်ရေချိုစိမ်ခြင်း၊ ကုန် ချောထုတ်လုပ်ရန် အအေးခန်း သို့ပေးပို့ခြင်းတို့ကို ဆောင်ရွက်ပြီး ကုန်ချောပြုပြင်ထုတ်လုပ်မှုတွင် ကဏန်းပျော့မွေးကန်မှ ပေးပို့ သော ကဏန်းများကို လက်ခံရ ယူခြင်း၊ ရရှိပြီးသော ကဏန်းများ အားဆေးကြောခြင်း၊ ပိုးသတ်ခြင်း၊ ပုံစံညှပ်ခြင်း၊ သန့်စင်ခြင်း၊ အရွယ် အစားရွေးခြင်း၊ ထပ်မံပိုးသတ် ခြင်း၊ ချိန်တွယ်ခြင်း၊ အေးခဲခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းနှင့် ဈေးကွက်သို့ တင်ပို့သည့်စနစ်ဖြင့် ကဏန်းပျော့များအား ပြည်ပ နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။
အဆိုပါ ကဏန်းပျော့ထုတ်လုပ် သောလုပ်ငန်းတွင် ကုန်ကြမ်းမှ ကုန်ချောအဖြစ် တန်ချိန် ၆၀၀ ကျော်အထိ တိုးတက်ထုတ်လုပ် လျက်ရှိပြီး ရေရှည်ကဏန်း ထုတ်ယူနိုင်ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ညိမ်းသူ ( သတင်းစဉ်)
ဓာတ်ပုံ - ကနူး