
နေပြည်တော် ဧပြီ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ကော်ဖီဥယျာဉ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းသို့ ကြည့်ရှုစစ်ဆေးသည်။
သဘာဝအတိုင်း အမြင်ဆန်းသစ်
ဝန်းကျင်တစ်ခုဖြစ်ရေး
ကြည့်ရှုစစ်ဆေးစဉ် ပြည် ထောင်စုဝန်ကြီးက ပြင်ဦးလွင် ကော်ဖီဥယျာဉ်ကို သဘာဝအတိုင်း အမြင်ဆန်းသစ်သည့် ဝန်းကျင် တစ်ခုဖြစ်ရေးနှင့် ကော်ဖီနှင့် ပတ်သက်၍ တစ်နေရာတည်းတွင် စုံလင်စွာ လေ့လာနိုင်ရေးတို့ အတွက် စနစ်တကျစီမံဆောင်ရွက် ရန် လိုအပ်ချက်များ၊ လာရောက် လေ့လာသူများ နားနေနိုင်ရေး နှင့် ကော်ဖီစိုက်ခင်း အခြေခံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားသည်။
ကော်ဖီမြို့တော်အဖြစ်
ပိုမိုထင်ရှားစေရေး
မြန်မာ့ကော်ဖီ အရည်အသွေး နှင့် ထုတ်လုပ်မှုတိုးတက်ပြီး ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ပိုမို ထိုးဖောက်နိုင်ရေးနှင့် ပြင်ဦးလွင် မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမို ထင်ရှားစေရေးအတွက် ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင် ကော်ဖီခြံ)၏ ရေမြေနှင့် သဘာဝ ပတ်ဝန်းကျင် တိုးတက်ကောင်းမွန် စေရန် ပြင်ဦးလွင်ကော်ဖီဥယျာဉ် အဖြစ် အဆင့်မြှင့်တင် ပြုပြင် တည်ဆောက်လျက်ရှိရာ ကော်ဖီ စိုက်ပျိုးခြင်းနှင့် ပတ်သက်သော အသိပညာ၊ နည်းပညာပေး လုပ်ငန်းများ၊ ထုတ်လုပ်ပုံနည်း စနစ်အဆင့်ဆင့်၊ ကော်ဖီ မျိုးကွဲ များနှင့် မျိုးထိန်းစိုက်ကွက်များ လေ့လာနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ သတင်းစဉ်