တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများ ပြုလုပ်

နေပြည်တော်   ဧပြီ   ၁၇


မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဦးပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊  အန္တရာယ်ကင်းပရိတ် တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း နှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း ကို   တိုင်းဒေသကြီးနှင့်    ပြည်နယ်အသီးသီးရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ပြုလုပ်ကြသည်။


ဆက်ကပ်လောင်းလှူ


အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်များနှင့်  တပ်ရင်း/တပ်ဖွဲ့အသီးသီးတို့ရှိ ဓမ္မာရုံများနှင့် သတ်မှတ်နေရာ များ၌  သံဃာတော်များက   ရွတ်ပွားပူဇော်ချီးမြှင့် တော်မူကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊   တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သီလခံယူဆောက် တည်၍  ပရိတ်တရားတော်များကို   နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊  အရုဏ် ဆွမ်း၊ နေ့ဆွမ်းနှင့် ဆွမ်းဆန်စိမ်းများ  ဆက်ကပ် လောင်းလှူကြသည်။ 


ထို့ပြင် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် များအလိုက်  တိုင်းမှူးများနှင့်   အရာရှိ၊ စစ်သည်၊ မိသားစုများက   ဇီဝိတဒါနစုပေါင်းငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား  ပူဇော်ကန်တော့ခြင်း၊ အလှူငွေများ၊   စားသောက်ဖွယ်ရာများပေးအပ် လှူဒါန်းခြင်း(ဝဲပုံ)နှင့်   ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်