တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

 

နေပြည်တော်   ဧပြီ   ၁၇


အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊  အကျဉ်းသူ  နိုင်ငံသား ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား   အကျဉ်းသား၊   အကျဉ်းသူ  ၄၂ ဦး၊  စုစုပေါင်း  ၁၆၁၉ ဦးတို့ကို   ယနေ့တွင်   ပြစ်ဒဏ်လွတ်ငြိမ်းခွင့်    ပြုခဲ့ကြောင်း သိရသည်။

 


ထို့သို့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်  ပြုခဲ့ခြင်းကြောင့်  ယနေ့တွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ   အကျဉ်းထောင်၊  အချုပ်ထောင်  စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်း သား/အကျဉ်းသူ ၄၂ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ   “နောက်တစ်ကြိမ်ပြစ်မှု   ထပ်မံ ကျူးလွန်ပါက    ၎င်းပြစ်ဒဏ်အပြင်     ယခုကျခံရန်  ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော  စည်းကမ်းသတ်မှတ်ချက်ဖြင့်  ယင်းတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍  ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်းနှင့်   နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။      

သတင်းစဉ်