ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်   ၃၁/၂၀၂၂
၁၃၈၄ ခုနှစ်၊  တန်ခူးလပြည့်ကျော်   ၂   ရက်
(၂၀၂၂  ခုနှစ်၊  ဧပြီလ   ၁၇   ရက်)

 


ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်


မြန်မာနှစ်သစ်မင်္ဂလာအခါသမယ     အထိမ်းအမှတ်အားဖြင့်   လည်းကောင်း၊    နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှု ကို   အလေးထားသောအားဖြင့်လည်းကောင်း    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်   အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံခြားသား အကျဉ်းသား/သူ ၄၂ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်  ယင်းတို့   ကျခံရန်ကျန်ရှိသော  ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်။


    အမိန့်အရ
    အောင်လင်းဒွေး
    ဒုတိယဗိုလ်ချုပ်ကြီး
    အတွင်းရေးမှူး