နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်   ဧပြီ    ၁၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲအခမ်း အနားကို    ယနေ့   နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးရှိ ငုရွှေဝါခန်းမ၌ ကျင်းပ သည်။

 


တက်ရောက်ကြည်ညို


အခမ်းအနားသို့   ဥပ္ပါတသန္တိ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်   ပဓာန နာယက   ဆရာတော်   အဘိဓဇ မဟာရဋ္ဌဂုရု   ဘဒ္ဒန္တ   ဇနိန္ဒနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့၏   ဩဝါဒါစရိယ၊   မာရဝိဇရ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး    တည် ဆောက်ရေး ဩဝါဒါစရိယ ဆရာ တော် နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ   ပါဠိတက္ကသိုလ် ကျောင်းတိုက်    ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ    အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ဗုဒ္ဓိတို့ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      အတွင်း ရေးမှူး       ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊  ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ     တက်ရောက် ကြည်ညိုကြသည်။ 

 


ပရိတ်တရားတော်များ နာယူ


အခမ်းအနားတွင် ဧည့်ပရိသတ် များက နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက   ဆရာတော်  အဘိဓဇ မဟာရဋ္ဌဂုရု    ဘဒ္ဒန္တဇနိန္ဒထံမှ ကိုးပါးသီလ   ခံယူဆောက်တည် ကြပြီး ဆရာတော်  သံဃာတော် များ    ရွတ်ပွားသရဇ္စျာယ်တော်မူ သော  မေတ္တသုတ်  ပရိတ်တရား တော်များနှင့်               အနန္တရာယိက ကမ္မဝါစာများကို နာယူကြသည်။
ထို့နောက်   နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်း တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ နှင့် နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ    ပါဠိတက္ကသိုလ် ကျောင်းတိုက်     ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိတို့ အမှူးပြုသော ဆရာတော် သံဃာ တော်များအား    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေး မှူး၊   ဒုတိယဝန်ကြီး၊   အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေး မှူးချုပ်များက     လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။

 


လှူဒါန်းမှုအစုစု အမျှဝေ


ယင်းနောက်    နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာန နာယက  အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂ မဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ထံမှ အနုမောဒနာတရား နာယူပြီး       လှူဒါန်းမှုအစုစုတို့ အတွက်   ရေစက်သွန်းချ   အမျှ ပေးဝေကြပြီး      အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။  

သတင်းစဉ်