အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူးမင်္ဂလာစကား

 

အားလုံးပဲမင်္ဂလာပါ


မြန်မာ့        နှစ်သစ်ကူး ကာလ....သင်္ကြန်မင်္ဂလာပွဲမှာ မင်္ဂလာရှိပါစေ။    မင်္ဂလာရှိကြ ပါစေ။ မင်္ဂလာဆိုတာ ကောင်း ကျိုး    ချမ်းသာတွေ     ရရှိတာ ပြည့်စုံတာကို မင်္ဂလာ၊ ဆိုးကျိုး ဒုက္ခတွေ       ကင်းဝေးတာကို မင်္ဂလာလို့ ဆိုပါတယ်။ ကောင်း ကျိုး  ချမ်းသာတွေ ပြည့်စုံရရှိ ဖို့က  ကောင်းတာတွေလုပ်မှ၊ ပြောမှ၊   ကြံမှ   ရရှိပါမယ်။ ဆိုးကျိုးဒုက္ခတွေ   ကင်းဝေးဖို့ ကလည်း  မကောင်းတာတွေ မလုပ်မိ၊ မပြောမိ၊ မကြံမိဖို့က အရေးကြီးပါတယ်။ နှစ်သစ်ကူး ပြီဆိုတာက   အချိန်ကာလ တွေကူး  ပြောင်းတာ၊  အချိန် ကာလ ကူးပြောင်းတာနဲ့ပတ်သက်ပြီးတော့ အချိန် ကာလဆိုတာ   စားချင်တဲ့စိတ်နဲ့   စားနေတဲ့အခါ စားတဲ့အချိန်၊    သွားချင်တဲ့စိတ်နဲ့     သွားတဲ့အခါ သွားတဲ့အချိန်တို့ အချိန်ကာလဆိုတာ ကိုယ်ပြု နေတဲ့အလုပ်  အမူအရာ  ကိုယ့်ရဲ့စိတ်ဓာတ်တွေ အပေါ်မှာ မူတည်တာပါ။ အချိန်တိုင်း အချိန်တိုင်း  မင်္ဂလာရှိဖို့ဆိုရင်   ကိုယ့်စိတ်ဓာတ်ကို     မင်္ဂလာ ရှိစေရမှာပါ၊  ကိုယ့်စိတ်ဓာတ်  မင်္ဂလာရှိဖို့ဆိုတာ အနည်းဆုံးအားဖြင့်     မေတ္တာတရားရှိရပါမယ်။ အထွတ်အထိပ်နဲ့ပြောရင်       အသိဉာဏ်ပညာ တရားရှိရပါမယ်။  သတ္တဝါအားလုံးအပေါ် မေတ္တာ ထားနိုင်ဖို့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေ ပွားနိုင်ဖို့၊  ကြုံလာသမျှတွေအပေါ်မှာ အသိဉာဏ် ပညာနဲ့ ဆုံးဖြတ်နိုင်ဖို့ ဒီမေတ္တာ၊ ပညာတွေရှိနေတဲ့ စိတ်ဓာတ် မင်္ဂလာရှိပါတယ်၊ အဲဒီ...မေတ္တာ၊ ပညာ ဦးဆောင်တဲ့ စိတ်ဓာတ်ကောင်းတွေရှိတဲ့ ပုဂ္ဂိုလ်  မင်္ဂလာရှိပါတယ်။   အဲဒီပုဂ္ဂိုလ်   ဆောင်ရွက်သမျှ အလုပ်တွေဟာလည်း      မင်္ဂလာ      ရှိပါတယ်။ ကောင်းကျိုးချမ်းသာတွေ ရပြီပေါ့၊ ကောင်းတာ လုပ်ရင်   ကောင်းကျိုးချမ်းသာ  မင်္ဂလာတွေရပါ တယ်။

 

မကောင်းတာတွေ ရှောင်ရင်မကောင်းကျိုး ဆင်းရဲဒုက္ခတွေကဝေးပါတယ်။ လူတိုင်း လူတိုင်း ဟာ    ကိုယ်လုပ်တာကောင်းတယ်လို့       ဒီလိုပဲ မြင်ကြပါတယ်။    ထင်ကြပါတယ်။       အဲဒီတော့ ကိုယ်လုပ်တာကောင်းလို့         ကိုယ်လုပ်ခဲ့တယ်၊ အကျိုးပေးကရော   ကောင်းတာတွေ   ရရဲ့လား။ ဆိုးကျိုးတွေ   ရနေတယ်ဆိုရင်တော့  ပြန်လည် သုံးသပ်ဆန်းစစ်ဖို့လိုပါတယ်။

 

ပြောင်းလဲတယ် ပြောင်းလဲတယ်ဆိုတာက အမူအရာတွေ ပြောင်းလဲ တာလည်း    ပြောင်းလဲတာ၊    အချိန်ကာလတွေ ပြောင်းလဲတာလည်း   ပြောင်းလဲတာ၊     သင်္ကန္တ ပြောင်းလဲတယ်ဆိုတာ နိစ္စဓူဝမိမိတို့ အသိဉာဏ် တရားတွေ   မရှိရာကနေရှိဖို့၊ မေတ္တာတရားတွေ နည်းရာကနေ များလာဖို့ အဲဒီလိုပြောင်းလဲတာမျိုး လည်း သင်္ကန္တပါပဲ။ မြန်မာလိုခင်းတော့ သင်္ကြန်ပါပဲ။ ဒီလိုပြောင်းလဲမှု  အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲမှုမျိုး ဖြစ်စေချင်ပါတယ်၊ ကိုယ်ကိုယ်တိုင်  ကောင်းတယ်ထင်ပြီးလုပ်ခဲ့၊ ပြောခဲ့၊ ကြံစည်ခဲ့တာ တွေ  မနက်၊ နေ့၊ ည  ဖြစ်နိုင်ရင်  ညစဉ်ညတိုင်း ပြန်ပြီးတော့ မှားလား၊  မှန်လား၊  ကောင်းလား၊ ဆိုးလား  ဆိုတာကို  ပြန်ဆန်းစစ်စေချင်ပါတယ်။ ဒီလိုပြန်လည်   သုံးသပ်ပြီးတော့   ပြန်လည်စိစစ် မှလည်းပဲ    ကောင်း၏   ဆိုး၏   ခွဲခြားသိမှာပါ။ ကောင်း၏ ဆိုး၏ ခွဲခြားသိမှလည်းပဲ ဆိုးတာကို ရှောင်၊ ကောင်းတာကိုဆောင် ပြုလုပ်မှ ကောင်းကျိုး ချမ်းသာ မင်္ဂလာဆိုတာဖြစ်တာပါ။ သုံးသပ်ဆင်ခြင် တဲ့အခါမှာ   မိမိတို့   ကိုယ်လုပ်နေတဲ့   အလုပ်ကို ကိုယ်ပြန်ကြည့်တဲ့အခါ        ဘေးကနေထွက်ပြီး ကြည့်စေချင်ပါတယ်။    တခြားလူတစ်ယောက် တခြားလူဘက်က  အမြင်မျိုးနဲ့  ပြန်လည်သုံးသပ် စေချင်ပါတယ်။ သူများတွေ လုပ်နေတာကို ကိုယ်က ဘေးကနေ သုံးသပ်တော့ ကိုယ်မှန်တယ် ထင်တတ် တယ်၊ ကိုယ်လုပ်နေတာကြတော့ ကိုယ်ကိုယ်တိုင်  ပြန်ပြီး   ဘေးကမသုံးသပ်ဖြစ်ကြဘူး။   ပြန်လည် သုံးသပ်ပေးပါ။   အဲဒီကျတော့      အမြင်နှစ်မျိုး ထွက်လာတယ်။ နောက်တစ်နေရာ တစ်ဦးနေရာက   ဝင်ပြီးတော့   ပြန်လည်သုံးသပ်ရင်  အမြင်သုံးမျိုး ဖြစ်လာတယ်။    အဲဒီကျတော့မှ     ကောင်းတယ် မကောင်းဘူးဆိုတာ ပိုပြီးတော့ ပိုင်းပိုင်းခြားခြား  နားလည်လာတယ်။   လုပ်ရတဲ့   အလုပ်ကိုလည်း နည်းသုံးမျိုးမက        ပိုပြီးတော့သိမြင်လာတယ်။ အဲဒီလိုမျိုး ပြန်လည်သုံးသပ်လို့ရှိရင် မကောင်းတာ ကနေ ကောင်းတဲ့လမ်းကြောင်းအပေါ် ရောက်သွား တယ်။      ကောင်းနေရာကနေ        ပိုကောင်းတဲ့ လမ်းကြောင်းအပေါ် ပိုရောက်သွားတယ်လို့ ...အဲဒီ... သင်္ကန္တအပြောင်းအလဲမျိုးကြတော့    ပိုပြီးတော့ ကောင်းမြတ်တဲ့ အပြောင်းအလဲမျိုးပါ။ နှစ်ဟောင်း ကုန်ဆုံးပြီးတော့  နှစ်သစ်ကူးပြောင်းတယ်ဆိုတဲ့ အချိန်ကာလကြီးမှာ       မင်္ဂလာရှိဖို့ရာအတွက် ကိုယ့်အမြင်နဲ့ နောက်တစ်ဦးအမြင်၊ နောက်တစ်ဦး အမြင်ဆိုသလို အသိဉာဏ်ပညာနဲ့ ပြန်မြင်ကြစေ ချင်ပါတယ်။ ကိုယ်ချင်းစာတတ်တဲ့ မေတ္တာတရား  အခြေခံတဲ့    သူတော်ကောင်း  စိတ်ဓာတ်တွေနဲ့ မြင်ကြစေချင်ပါတယ်။ အဲဒီလိုမြင်ကြည့်မှလည်းပဲ  ကိုယ်ဆက်လျှောက်ရမယ့်         လမ်းကြောင်း ကိုယ်ကိုယ်တိုင်သိပါတယ်။    အဲဒီလိုသာ      မိမိ သူတစ်ပါးအားလုံးပုဂ္ဂိုလ်တွေက ကောင်း၏ ဆိုး၏ ခွဲခြားသိနိုင်တဲ့   ပြန်လည်သုံးသပ်တဲ့   ဆင်ခြင်တဲ့ အသိဉာဏ်တွေနဲ့          ပြန်လည်သုံးသပ်ပြီးတော့ လမ်းမှား လမ်းမှန် ခွဲခြားသိပြီးတော့ လမ်းမှန်ကို လျှောက်မယ်၊ ကောင်းတာတွေကိုပဲ လုပ်မယ်ဆိုရင်  မင်္ဂလာပါလို့...  မင်္ဂလာရှိပါစေလို့   ပြောခဲ့တဲ့စကား တွေ    အဓိပ္ပာယ်ရှိပြီးတော့   နှစ်သစ်ကူး   မင်္ဂလာ  အခါသမယမှာ      အလွန့်အလွန်မင်္ဂလာရှိအောင် ဆောင်ရွက်တဲ့နည်းလမ်းတွေ     ရရှိပြီးတော့  တစ်နှစ်ပတ်လုံး၊ တစ်သက်လုံး၊ တစ်သံသရာလုံးကို မင်္ဂလာရှိအောင်    ကောင်းကျိုးချမ်းသာတွေ     ရရှိ ပြီးတော့ ဆင်းရဲဒုက္ခတွေ ကင်းဝေးအောင် နေနိုင် ကြပါစေ။ မိမိလည်း နေနိုင်၊ အများ လည်းနေနိုင် အောင် ဆောင်ရွက်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း....


သာဓု...သာဓု...သာဓု