
နေပြည်တော် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များနှင့် ဘုရားပုထိုး၊ စေတီများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်သူများ ဖြင့် စည်ကားလျက်ရှိရာ ရန်ကုန် မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဗိုလ် တထောင်စေတီတော်၊ ကျောက် တော်ကြီးဘုရား၊ စွယ်တော်ဘုရား တို့အပါအဝင် တန်ခိုးကြီးဘုရား စေတီများ၊ မန္တလေးမြို့ရှိ မဟာ မြတ်မုနိဘုရားကြီး၊ ပြင်ဦးလွင် မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်း ပြည့်ဘုရားကြီး၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး တို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက် ရှိသည်။
ထို့ပြင် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနှင့် ငပလီ ကမ်းခြေတို့အပါအဝင် အပန်းဖြေ နေရာများ၌လည်း လာရောက် အပန်းဖြေ အနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်