
နေပြည်တော် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ မြန်မာနှစ်သစ်ကူး အခါသမယနေ့၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)ရှိ ဝန်ထမ်းများ၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်တော်တွင် ကျင်းပသည်။
ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ အခွန်အယူခံ ခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ခဲ့ပြီး ငါးကောင်ရေ ၁၉၀၀ ကို ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်