နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်၏ နှစ်သစ်ကူးဆုတောင်း

 

မြန်မာသက္ကရာဇ်  ၁၃၈၃  ခုနှစ်ဟာ  မြန်မာ အချုပ်အခြာအာဏာနဲ့ နိုင်ငံအလုံးစုံ ပျက်သုဉ်း စေလိုတဲ့ ရန်သူပေါင်းစုံကို ရင်ဆိုင်ပြီး ကြီးမားတဲ့  အခက်အခဲနဲ့ အကျပ်အတည်းတွေကို ကျော်ဖြတ် ခဲ့ရတဲ့ နှစ်ဖြစ်ပါတယ်။

 


အမေရိကန်နဲ့ အနောက်အုပ်စုရဲ့စွက်ဖက်မှု၊  ကျူးကျော်မှုနဲ့       ဖောက်ပြန်တဲ့      အယူအဆ ရိုက်သွင်းမှုကို နိုင်ငံတော်သစ္စာဖောက်အုပ်စုက  အသုံးချခံခဲ့တယ်။ သူတို့ဟာ အကြမ်းဖက်သမား တွေ၊   ဓမ္မအန္တရာယ်တွေနဲ့  နိုင်ငံခြားသူလျှိုတွေ အဖြစ် ရပ်တည်နေတယ်ဆိုတာ မျက်နှာဖုံးချွတ်ပြ နေပါပြီ။

 


ဘာပဲဖြစ်ဖြစ်   ဘယ်သူတွေဟာ   နိုင်ငံတော် သစ္စာဖောက်တွေ၊   ဘယ်သူတွေဟာ    တိုင်းချစ် ပြည်ချစ်    ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတာ     ယနေ့ တိုက်ပွဲက  ပြတ်သားစွာ   ခွဲခြားပေးလိုက်ပါပြီ။ ဒါကြောင့်    သူတို့ရဲ့      ပြည်တွင်းသစ္စာဖောက် လုပ်ကြံမှုတွေနဲ့    ငွေကြေး၊   လက်နက်    စတဲ့ အားပေးအထောက်အကူပြုမှုတွေကို ရိုက်ချိုးပစ် ရပါမယ်။ 

 


သူတို့ မုချရှုံးနိမ့်ပြီး မြန်မာတွေ မုချအောင်ပွဲ ခံမယ်။  ဘာကြောင့်လဲဆိုရင် ယနေ့  အမျိုးသား အင်အားစုတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခေါင်းဆောင်မှုအောက်မှာ ခိုင်မာစွာရပ်တည် နေကြပါပြီ။   ယခုလာမယ့် နှစ်သစ်ကူး   မြန်မာ သက္ကရာဇ် ၁၃၈၄ ခုနှစ်ဟာ နိုင်ငံတော်သစ္စာဖောက် တွေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ အညစ်အကြေး တွေကို စွန့်ပစ်နိုင်ကြပါမယ်။

 


ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်၊    မြန်မာ့ တပ်မတော်နဲ့    မြန်မာ့အချုပ်အခြာအာဏာကို တန်ဖိုးထားတဲ့မြန်မာတွေ    မှန်ကန်ကြောင်းကို သမိုင်းက   သက်သေခံပါမယ်လို့   ပြောကြားရင်း နှစ်သစ်အတွက်    ကျွန်တော်          ဆုမွန်ကောင်း တောင်းအပ်ပါတယ်။