တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်၊ စားသောက်ကုန်၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

 

နေပြည်တော်    ဧပြီ    ၁၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို  ဥပဒေနှင့်အညီ  ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ  ဧပြီ ၇ ရက်နှင့် ၈ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း တရားမဝင် ကျွန်းတံခါးချပ်များ၊ ကျွန်းခွဲသားများနှင့် ကျွန်းပါကေး အကြမ်းတုံးများ ၉ ဒသမ ၂၆၃၆ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၇၈၉၆၀)နှင့် အဆိုပါသစ်များ တင်ဆောင် လာသော မော်တော်ယာဉ်လေးစီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၇၇၈၉၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ   ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ် မှု   တိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် ပြည်နယ်    သစ်တောဦးစီးဌာန    ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    ဧပြီ  ၈  ရက်က   ကျောက်ဖြူခရိုင် အမ်းမြို့နယ်အတွင်း တရားမဝင် တောင်သရက်ခွဲသား ၂၂ ဒသမ ၃ တန်နှင့် ၃ လက်မလွှဝိုင်း၊ ဂျင်းဒေါင်း အင်ဂျင်၊   ချိန်းဆော   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၁၀၀၀)တို့ကို လည်းကောင်း၊ ဧပြီ ၉ ရက်တွင် သံတွဲခရိုင် တောင်ကုတ်မြို့နယ်အတွင်း တရားမဝင် တောင်သရက်ခွဲသား ၂ ဒသမ ၇၉၂ တန်(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၅၄၄၀) အား     လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၆၄၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 
ထို့အတူ ဧပြီ ၉ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌    တာဝန်ကျအကောက်ခွန်   စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ   မန္တလေးမြို့သို့   သွားရောက်မည့် ကုန်တင်ယာဉ် နှစ်စီးပေါ်၌ ဒေသထွက် သံတိုသံစ အဟောင်းများနှင့်    ဖုံးအုပ်သယ်ဆောင်လာသော တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်းမရှိသည့်    မော်တော်ဆိုင်ကယ်  အပို ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၂၈၀၀၀၀)နှင့်   အဆိုပါပစ္စည်းများ   တင်ဆောင်လာသော NISSAN Condor အမျိုးအစား ကုန်တင်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀)  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၈၂၈၀၀၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး   အကောက်ခွန်ဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူပင်   ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်   အကောက်ခွန်ဦးစီးဌာနက  ကြီးကြပ်၍    ပဲခူး မြို့နယ်    အကောက်ခွန်ဦးစီးဌာနမှူးအဖွဲ့က    ဧပြီ ၉ ရက်တွင် ညောင်ခါးရှည်နှင့် စစ်တောင်းတံတား ကြား  ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ပဲခူးမြို့သို့ သွားရောက်မည့် ခရီးသည် တင်ယာဉ် တစ်စီးပေါ်၌  တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် အကောက်ခွန်မဲ့ ပဲနို့အချိုရည်နှင့် ဆပ်ပြာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၀၀၀၀)နှင့် အဆိုပါ ကုန်ပစ္စည်းများ    တင်ဆောင်လာသော   TOYOTA Hilux အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ်  ၁၀၀၀၀၀၀၀)ကို  လည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် ညောင်ခါးရှည်နှင့် ဒိုက်ဦးကြား ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီ မြို့မှ   ရန်ကုန်မြို့သို့    သွားရောက်မည့်  ခရီးသည် တင်ယာဉ်တစ်စီးပေါ်၌  တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိ သည့်    အကောက်ခွန်မဲ့   လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၁၅၀၀၀)နှင့် အဆိုပါ ကုန်ပစ္စည်းများ   တင်ဆောင်လာသော   NISSAN Caravan   အမျိုးအစား   မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၂၀၀၀၀၀၀)ကို  လည်း ကောင်း      စုစုပေါင်း    ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၇၅၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင်   ဧပြီ ၁၀ ရက်တွင်  ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့    သွားရောက်မည့်   ကုန်တင်ယာဉ် တစ်စီးပေါ်၌   သွင်းကုန်ကြေညာလွှာ  (ID) တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော အကောက်ခွန်မဲ့  A4 စက္ကူထုပ်များ  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၄၀၈၈၀)ကို  ဖမ်းဆီးရမိခဲ့ပြီး  အကောက် ခွန်    ဥပဒေနှင့်အညီ   အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍    ဧပြီ  ၇ ရက်၊  ၈ ရက်၊  ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀ မှု၊     ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၇၇၇၃၁၂၈၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်