
နေပြည်တော် ဧပြီ ၁၀
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်း သား၊ အကျဉ်းသူများ၊ မသန်စွမ်း သူများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်း နှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် ၌ ဒေသခံပြည်သူ ၄၀၆၅၆ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၌ ဒေသခံပြည်သူ ၁၃၆၁၀၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုမှ ဒေသခံ ပြည်သူ ၇၄၂၈ ဦးနှင့် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၂၅၈ ဦးတို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်