သင်္ကြန်ကာလ ဒလ-ပန်းဆိုးတန်း ကူးတို့ရေယာဉ်များ ပုံမှန်ပြေးဆွဲမည်

 

ရန်ကုန်    ဧပြီ    ၉


မဟာသင်္ကြန်ကာလအတွင်း   ခရီးသွား ပြည်သူများ ခရီးသွားလာမှု  အဆင်ပြေ စေရန်အတွက် ဒလ-ပန်းဆိုးတန်း  ခရီး သည်တင်    ကူးတို့ရေယာဉ်ကြီးများဖြစ် သည့်   ချယ်ရီသင်္ဘောကြီး   နှစ်စင်းဖြင့် ခရီးသည်ပို့ဆောင်ပြေးဆွဲသည့် လုပ်ငန်း အား    ပုံမှန်အတိုင်း   ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

 


ဒလ - ပန်းဆိုးတန်း       ခရီးစဉ်အား ပြည်တွင်း     ရေကြောင်းပို့ဆောင်ရေးမှ ချယ်ရီကူးတို့ရေယာဉ်ကြီး    သုံးစင်းဖြင့် တစ်စင်းနား နှစ်စင်းထွက် အလှည့်ကျ စနစ်ဖြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း များအား    ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်   ခရီးသည်သွားလာမှု   အများဆုံး သောခရီးစဉ်တစ်ခုဖြစ်ကြောင်း   သိရသည်။

 


ခရီးသည် သွားလာမှုများသော ကူးတို့ လိုင်းဖြစ်သည့်အတွက် ဒလမြို့မှ နံနက် ၅နာရီခွဲမှ ည ၇ နာရီခွဲအထိ ကူးတို့သင်္ဘော ခေါက်ရေ   ၄၂ ခေါက်၊   ပန်းဆိုးတန်းမှ နံနက် ၆ နာရီခွဲမှ ည ၈ နာရီအထိ ကူးတို့ သင်္ဘော ခေါက်ရေ ၄၂ ခေါက် စုစုပေါင်း ကူးတို့သင်္ဘောခေါက်ရေ ၈၄ ခေါက်ဖြင့် ပြေးဆွဲပေးခဲ့ကြောင်း၊    မဟာသင်္ကြန် ကာလဖြစ်သည့် ဧပြီ ၁၃ ရက် မှ ဧပြီ ၁၇ ရက်  (နှစ်ဆန်း ၁ ရက်နေ့)  အထိသည် အလုပ်ပိတ်ရက်၊    ရုံးပိတ်ရက်များဖြစ် သော်လည်း ခရီးသွားပြည်သူများ အဆင်ပြေ စေရန်အတွက်   ဒလမြို့မှ နံနက် ၆ နာရီမှ ည ၇ နာရီအထိ၊   ပန်းဆိုးတန်းမှ နံနက် ၆ နာရီခွဲမှ ည ၇ နာရီခွဲအထိ ပြေးဆွဲပေး မည်ဖြစ်ပြီး ခရီးသွားပြည်သူများ သိရှိစေ ရန်       လက်မှတ်ရုံများတွင်    အသိပေး ကြော်ငြာစာများ ကပ်ထားပေးကြောင်း သိရသည်။                      

မောင်ယဉ်ဦး