
နေပြည်တော် ဧပြီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို ယနေ့ မွန်းလွဲ ၂ နာရီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုလားတန်မြစ် ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်ရေး၊ ရထားလမ်း ကွန်ရက် အဆင့်မြှင့်တင်ရေး၊ ကုန်းလမ်းဖြင့် နယ်စပ် ဖြတ်ကျော် ခရီးသည်ပို့ဆောင်ရေး၊ လေကြောင်း ပျံသန်းရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်