
နေပြည်တော် ဧပြီ ၆
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့ခ်နာအား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သံအမတ်ကြီး တာဝန်ထမ်းဆောင် စဉ် ကာလအတွင်း ဆောင်ရွက်ခဲ့သည့် မြန်မာ-ဩစတြေးလျ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ဒေသ တွင်း အခြေအနေများအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
သတင်းစဉ်