ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဧပြီ   ၆


နယ်စပ်ရေးရာ     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင် သည်  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး  မစ္စတာ  ဗီနေး ကူးမား ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲ တွင်  နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    မြန်မာနိုင်ငံ အတွင်းရှိ      နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊    ဖွံ့ဖြိုး တိုးတက်ရေး၊   နယ်စပ်ဒေသများ ရှိ       တိုင်းရင်းသားပြည်သူများ လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုး တိုးတက်ရေးနှင့်   အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ အိန္ဒိယ နိုင်ငံ၏ အကူအညီဖြင့် ချင်းပြည် နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများတွင် လမ်းတံတား၊ ပညာရေး၊    ကျန်းမာရေးဆိုင်ရာ အခြေခံ    အဆောက်အအုံများ အကောင်အထည်ဖော်   ဆောင် ရွက်နေမှု၏ အောင်မြင်ဖြစ်ထွန်း မှု၊       နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ရှေ့ဆက်လက် ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြ သည်။

 


တွေ့ဆုံပွဲသို့    နယ်စပ်ရေးရာ ဝန်ကြီးဌာန   ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော် ထူးနှင့်      ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့်   တာဝန်ရှိသူများ၊ အိန္ဒိယသံရုံးမှ    တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း   သိရ သည်။

သတင်းစဉ်