
နေပြည်တော် မတ် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ဗထူး တပ်နယ်မှ သင်တန်းနည်းပြများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း(ဗထူး) အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ အမှာ စကားပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်ဇော်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဗထူး တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ကြသည်။
ပြည်သူ့စစ်မဟာဗျူဟာ
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာ၌ သင်ကြားလေ့ကျင့်ပေးနေသည့် နည်းပြအရာရှိများ အနေဖြင့် လေ့ကျင့်သင်ကြားပေးသော စစ်ဘက် ဆိုင်ရာ အသိပညာ၊ အတတ်ပညာများကိုလည်း ကိုယ်တိုင်ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန် လိုကြောင်း၊ လုပ်ငန်းတာဝန်နှင့် ဖွဲ့စည်းပုံအရ လက်မောင်းအမှတ်တံဆိပ်များ ကွာခြားမှုရှိသော် လည်း သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆို၍ တူညီ သော ဦးတည်ချက်များဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြရသူများ ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ပေးအပ် သည့် အမိန့်နှင့် တာဝန်ကို အကောင်အထည်ဖော်ရာ၌ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့စည်းရုံးရေးနယ်မြေအလိုက် အေးချမ်းစွာ နေထိုင်လိုကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကိုလည်း ကာကွယ် စောင့်ရှောက်ပေးကြရန်လိုကြောင်း၊ ၎င်းအပြင် မိသားစုဝင်များ၏ စားဝတ်နေရေးနှင့် သွားလာရေး၊ ကျန်းမာရေးနှင့်ပညာရေးတို့ကိုလည်း တာဝန်ရှိသူ များက မိသားစုစိတ်ဖြင့် စောင့်ရှောက်ပေးရန်လို ကြောင်း၊ နိုင်ငံတော်၏ကာကွယ်ရေးမဟာဗျူဟာ သည် တပ်မတော်ကိုမဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံး ပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာဖြစ်သဖြင့် ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူကျင့်ကြံသွားရန်လိုကြောင်း။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အရေးပေါ်ကာလအတွင်း အမျိုးမျိုးသောစိန်ခေါ်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများကို အေးချမ်းစွာ နေထိုင်လိုသော ပြည်သူများ၊ သစ္စာရှိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုပေါင်းညီညာသော စုစည်းညီညွတ်သည့်အင်အားဖြင့် ဖြတ်ကျော်နိုင်ခဲ့ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို ဖော်ဆောင်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ ဖော်ဆောင်မှုတွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် အဓိကဆန္ဒမဲပေးခွင့်ရှိ သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရှိစေရေး ပန်းခင်း စီမံချက် ဆောင်ရွက်လျက်ရှိရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် အရေးကြီးလိုအပ်ချက်များကို လည်း ပူးပေါင်းကူညီဆောင်ရွက် ပေးရန်လိုကြောင်း၊ အလားတူ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံ ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နည်းမျိုးစုံ ဖျက်လိုဖျက်ဆီးလုပ်လိုသည့် အကြမ်းဖက် သမားများ၏ အန္တရာယ်များကိုလည်း လုံခြုံရေး အသိဖြင့် စောင့်ကြည့်ဖော်ထုတ်ရှင်းလင်းနေရန် လိုကြောင်း။
၎င်းအပြင် နိုင်ငံတော်အတွက် အနာဂတ်မျိုးဆက် သစ်၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုပေါ်ထွက်လာ စေရေးအတွက်လည်း ကျောင်းနေအရွယ်ကလေး တိုင်း အနည်းဆုံး KG+9 အထိ မသင်မနေရ တန်းစဉ် အလိုက် ကူးပြောင်းနိုင်ရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း၊ KG+9 အောင်မြင်မှသာ Vocational Training မှတစ်ဆင့် သက်ဆိုင်ရာလုပ်ငန်း ခွင်များသို့ ကူးပြောင်းလုပ်ငန်းတာဝန် ထမ်းဆောင် နိုင်ခွင့်ရရှိမည်ဖြစ်၍ မိမိတို့မိသားစုများ၏ မှီခို ကလေးများကိုလည်း နိုင်ငံတော်၏မူဝါဒနှင့်အညီ မဖြစ်မနေ ပညာသင်ကြားနိုင်ရေးသက်ဆိုင်ရာ တပ်များမှ တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြည်မပြတ် ကြည့်ရှုစောင့်ရှောက်၍ အနိမ့်ဆုံးအဆင့်ထိ တန်းစဉ် ကူးပြောင်း မပျက်မကွက်ရောက်ရှိစေရေး ဆောင်ရွက် ပေးကြရန် ပြောကြားလိုကြောင်း၊ တစ်ဖက်ကလည်း နိုင်ငံတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်(HR) ဖြစ်လာမည့်၊ အနာဂတ်၏ခေါင်းဆောင်များ၊ လူငယ် လူရွယ်များ၏ တန်းစဉ်ကူးပြောင်းနိုင်ရေး စာမေးပွဲ ဖြေဆိုမှုအပေါ် ယုတ်မာသောလုပ်ရပ်အဖြစ် အကြမ်း ဖက်သမားများက ကျောင်းပတ်ဝန်းကျင် အတွင်း/အပြင် တို့၌ လုံခြုံရေးတပ်ဖွဲ့များ၏ အလစ်အငိုက်တွင် လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခြင်း၊ ချိန်ကိုက်မိုင်း၊ အဝေး ထိန်းကြီးကြပ်မိုင်းများဖြင့် ဖောက်ခွဲ၍ စာမေးပွဲ အခန်းသို့ ကြောက်ရွံ့ပြီးမလာရဲအောင် ခြိမ်းခြောက် အကြမ်းဖက်မှုများကိုလည်း တွေ့နေရကြောင်း။
အလားတူ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ကြ သည့် မိမိတို့နိုင်ငံအတွင်း သာသနာ့တာဝန်ထမ်းဆောင် နေကြသည့် သံဃာတော်များကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများအထိ ဆိုးရွား ရက်စက်ယုတ်မာသည့် အကြမ်းဖက်လုပ်ရပ်များ သည် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်နေသည်ကို နားလည်၍မရပါကြောင်း၊ မိမိဆန္ဒနှင့်မကိုက်ညီ၍ မကျေနပ်ပါက အဆိုပါအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ရိုက်ရည်ရွယ်တိုက်ခိုက် အကြမ်းဖက်ခြင်း သည် အဓိပ္ပာယ်ရှိကောင်းရှိမည်ဖြစ်သော်လည်း တရားမဲ့လက်နက်မဲ့မသက်ဆိုင်သူများ၊ အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်ပါ ကြောင်း၊ အဆိုပါ တရားမဲ့အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား နိုင်ငံတော်အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက်ဖယ်ရှားရှင်းလင်းသွား မည်ဖြစ်ပြီး ပြည်သူများလိုလားသည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့တပ်မတော်သားများနှင့် မိသားစုဝင်များ သည် မည်သည့်အချိန်ကာလတွင်မဆို အရေးကြီး သော နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို တစ်စိတ် တစ်ပိုင်း ပါဝင်ထမ်းဆောင်နေကြရသူများဖြစ်၍ အဆိုပါတာဝန်များကို သစ္စာရှိရှိတာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး တပ်မတော်သားများနှင့် မိသားစု ဝင်များအနေဖြင့် ကျန်းမာကြံ့ခိုင်စေရန် တစ်ဦးချင်း မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ ပေးအပ်သည့် တာဝန်များအပေါ် ကျေပွန်စွာထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏အကျိုး၊ တပ်မတော်၏ အကျိုးကို စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုများနှင့် အခက်အခဲအမျိုးမျိုးတို့အား အောင်မြင်စွာ ရင်ဆိုင် ကျော်လွှားသွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြား ပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်နယ်မှ နည်းပြအရာရှိ များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ ကျောင်းအုပ် ကြီးက လက်ခံရယူသည်။ ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်က မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီး၏ဇနီးက လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက ဒေသထွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးကလည်းကောင်း လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်