ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်း

 

 

(၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်)


၁။    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အတွက် ဆီထွက်သီးနှံမျိုးစေ့ထုတ်လုပ်ခြင်း၊ အကျိုးတူကန်ထရိုက် လယ်ယာ (Contract Farming) စနစ်ဖြင့်  စိုက်ပျိုးခြင်း၊  စားသုံးဆီ အမျိုးမျိုး    ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းများကို      ဦးစားပေး ဖိတ်ခေါ်ဆောင်ရွက်သွားမည်  ဖြစ်ပါသည်။
၂။    ဆီထွက်သီးနှံနှင့်ပတ်သက်၍   အထက်ပါ   ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍတွင်  စိတ်ပါဝင်စားသူ    မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံသူများနှင့်  နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့်   အဆို ပြုလွှာ   တင်ပြလာပါက  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု    ကော်မရှင်၊   သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့ကလည်း   လိုအပ်သည်များကို   မြန်ဆန်သွက်လက်စွာ  ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၃။    အသေးစိတ်သိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည် -
    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
    လိပ်စာ
    အမှတ် ၁၊ သစ္စာလမ်း၊   ရန်ကင်းမြို့နယ်၊   ရန်ကုန်တိုင်း 
    ဒေသကြီး။
    ဖုန်းနံပါတ် 
    +၉၅-၉-၂၀၂၃၈၂၁၊ +၉၅-၁-၆၅၈၁၃၂
    အီးမေးလ်
    dica@mptmail.net.mm, investmentpromotion@dica.
    gov.mm
    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်