
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်း၊
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီး ဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ဆွေထွန်း ကို လေ့လာ ဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့် နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်း ကို အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက် သည်။
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာသီတာစန်းကို ဥပဒေမူကြမ်းစိစစ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။