
၁။ အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
၂။ ရေကြောင်း/လေကြောင်းမှတစ်ဆင့် တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ် ရက်ကာလဖြစ်သော (၉-၄-၂-၂၀၂၂) ၊ (၁၁-၄-၂၀၂၂) နှင့် (၁၂-၄-၂၀၂၂) ရက်နေ့တို့တွင် Overtime ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် အရေးပေါ် COVID ဆေးနှင့် ကုန်ပစ္စည်းများ ထုတ်ယူနိုင်ရေးအတွက် ကြိုတင်လျှောက်ထားပါက ရုံးချုပ်တွင် အသင့်စုဖွဲ့ထားသောအဖွဲ့ဖြင့် သင်္ကြန် အကြိုနေ့ (၁၃-၄-၂၀၂၂) ရက်နေ့မှ သင်္ကြန်အကြတ်နေ့ (၁၅-၄-၂၀၂၂) ရက်နေ့အထိ ကုန်ပစ္စည်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၃။ အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုသည့် ကုမ္ပဏီများအနေဖြင့် ရှင်းလင်းထုတ်ယူလိုသော ကုန်ပစ္စည်း များနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်များ ပေးဆောင်ရန်အတွက် Deposit ငွေ လုံလုံလောက်လောက်ထားရှိသွားရန်နှင့် အချိန်ပိုလုပ်ငန်းဆောင်ရွက်မှုအား (၈-၄-၂၀၂၂) ရက်နေ့ ၁၄:၀၀ အချိန်ထက် နောက်မကျဘဲ ညွှန်ကြားရေးမှူး (ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)နှင့် ညွှန်ကြားရေးမှူး (ကာကွယ်ရေးဌာနခွဲ) တို့ထံ လျှောက်ထားရမည် ဖြစ်ပါသည်။
၄။ ကုန်ပစ္စည်းများထုတ်ယူရာတွင် အခက်အခဲများရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-
(က) ညွှန်ကြားရေးမှူး (ထုတ်/သွင်း) - ၀၉၅၀၇၅၆၅၈
( ခ ) ညွှန်ကြားရေးမှူး(ကာကွယ်ရေး) - ၀၉၅၀၆၆၅၆၉
( ဂ ) ဒုတိယညွှန်ကြားရေးမှူး (ထုတ်/သွင်း) - ၀၉၇၈၅၀၅၅၄၅၆
(ဃ) ဒုတိယညွှန်ကြားရေးမှူး (ကာကွယ်ရေး) - ၀၉၂၅၀၀၆၃၂၀၃
( င ) ဒုတိယညွှန်ကြားရေးမှူး (လေဆိပ်) - ၀၉၂၀၃၁၆၇၁ အကောက်ခွန်ဦးစီးဌာန