
နေပြည်တော် ဧပြီ ၄
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9နှင့် M-3 တို့တွင် Geotechnical Site Survey(GTI) and Associated Studies ဘူမိဗေဒ နည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ လေ့လာတိုင်းတာခြင်းလုပ်ငန်းများအား Survey Vessel “MV. DP2 KEYFIELD HELMS” ဖြင့်ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point M3 ASK-12 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၅ မိနစ် ၅၈ ဒသမ ၆၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၀ မိနစ် ၀၀ ဒသမ ၈၃ စက္ကန့်၊ Point ZWP-16(Zawtika-25) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၂၀ ဒသမ၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၃ မိနစ် ၂၇ ဒသမ ၃၈ စက္ကန့်၊ Point ZWP-17(Zawtika-29) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၁ မိနစ် ၀၄ ဒသမ ၈၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၀ မိနစ် ၃၉ ဒသမ ၇၇ စက္ကန့်၊ Point ZWP-18(Zawtika-14) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ၀၀ ဒသမ ၁၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၀၅ ဒသမ ၅၂ စက္ကန့်၊ Point ZWP-19(Zawtika-12) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၁၇ ဒသမ ၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၆ မိနစ် ၃၅ ဒသမ ၇၉ စက္ကန့်နှင့် Point Zawtika-38 (Jacket Receiver) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၂ မိနစ် ၀၃ ဒသမ၂၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၅ မိနစ် ၃၉ ဒသမ ၄၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 နှင့် M-3 တို့တွင် Geotechnical Site Survey (GTI) and Associated Studies ဘူမိဗေဒနည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ လေ့လာတိုင်းတာခြင်း လုပ်ငန်းများအား Survey Vessel “MV. DP2 KEYFIELD HELMS” လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလ အတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါတည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီး ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်း ဦးစီးဌာနမှ အသိပေးကြေညာထားကြောင်း သတင်းရရှိသည်။ ငါးလုပ်ငန်းဦးစီးဌာန