
နေပြည်တော် ဧပြီ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဧပြီ ၂ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပေါင်းလောင်းမြို့ လိမ်းလီရွာအနီးရှိ ပေါင်းလောင်း ဆည်အတွင်း ရေပေါ်လှောင်အိမ် ဖြင့် တီလားပီးယားငါးမျိုးများ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒေသနေပြည်သူ များ၏ ငွေရောင်ငါးကြင်းနှင့် ထိုင်းငါးခုံးမများအား ဖမ်းယူ ရောင်းချနေမှုကို ကြည့်ရှုပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိရေး၊ ငါးသယံဇာတများ ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး သည် တပ်ကုန်းမြို့နယ်ရှိ ပုဂ္ဂလိက မွေးမြူရေးခြံများဖြစ် သော ကံကြီးမွေးမြူရေးဇုန်သို့ လည်းကောင်း၊ မွေးမြူရေး တောင်သူ ဦးသန်းဌေး၏ ဆိတ် မွေးမြူရေးခြံသို့ လည်းကောင်း၊ ( IR ) ဥစားကြက် မွေးမြူရေးခြံသို့ လည်းကောင်း ရောက်ရှိပြီး မွေးမြူရေး ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံ ကျသည့် လယ်ယာသားငါးထွက် ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး နှင့် တန်ဖိုးမြင့် ကုန်ချောများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသရေမြေရာသီဥတုနှင့် လိုက် လျောညီထွေမှုရှိစေပြီး စျေးကွက် အလားအလာရှိသော မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေး ကို မျှော်မှန်းဆောင်ရွက်ရေး၊ ဖြစ်ပေါ်တတ်သော တိရစ္ဆာန် ကူးစက်ရောဂါများ ကြိုတင် ကာကွယ်ရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်