မြိတ်နှင့် ကော့သောင်းခရိုင်တို့၌ ဆီအုန်းစိုက်ပျိုးမှုဖြစ်ထွန်းသော်လည်း ဆီကြမ်းစက်ရုံလိုအပ်

 

မြိတ် ဧပြီ   ၃


တနင်္သာရီတိုင်း    ဒေသကြီး အတွင်းရှိ             မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဆီအုန်း စိုက်ပျိုးမှု ဖြစ်ထွန်းနေသော်လည်း   မြိတ်ခရိုင်၌    ဆီကြမ်းစက်ရုံ     လိုအပ်လျက်ရှိကြောင်း   မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 


တနင်္သာရီ    တိုင်းဒေသကြီး အတွင်းတွင်    ဆီအုန်းစိုက်ပျိုး အောင်မြင်သည့် ရေမြေရာသီဥတု ရှိသောကြောင့် ပြည်တွင်း ပြည်ပ ကုမ္ပဏီအများအပြားက  ဆီအုန်း စိုက်ပျိုးမှုအတွက်    လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော် မှစတင်ပြီး တနင်္သာရီတိုင်းဒေသ ကြီးတွင် ဆီအုန်းစိုက်ပျိုးမှုစတင် ခဲ့ရာ ယခုအခါ   တိုင်းဒေသကြီး တစ်ခုလုံးတွင်  ဧက  လေးသိန်း ကျော် စိုက်ပျိုးထားသည်။

 


တနင်္သာရီ  တိုင်းဒေသကြီး အတွင်း၌ ဆီအုန်းစိုက်ပျိုးမှု ဧက လေးသိန်းကျော်    ရှိသည့်အနက် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် တို့တွင် ဆီအုန်းစိုက်ပျိုးမှု အများ ဆုံးဖြစ်ပြီး ကော့သောင်းခရိုင်တွင် ဆီကြမ်းစက်ရုံ   နှစ်ရုံရှိကြောင်း သိရသည်။

 


“မြိတ်ဒေသမှာရှိတဲ့ ဆီကြမ်း စက်လေးတွေက ဆီသီးခိုင်တွေ ကို အမြဲကြိတ်ခွဲနိုင်ဖို့  မရှိသေးပါ ဘူး။  ဒါကြောင့်   ဘုတ်ပြင်းမြို့နယ် မှာ ရှိတဲ့ တောင်ဒဂုန် ဆီကြမ်းစက်ရုံ နဲ့   ကော့သောင်းမှာရှိတဲ့ ယုဇန ဆီကြမ်းစက်ရုံတွေကို    ပို့ဆောင် ပေးနေရပါတယ်။ လက်ရှိ ပေါက် ဈေးအရ ဆီသီးခိုင်ဈေးနှုန်းတွေက တစ်တန်ကို   ငွေကျပ်သုံးသိန်းမှ   ငွေကျပ်  ၃၁၀၀၀၀ အထိ ပေါက် ဈေး ရှိနေ ပါတယ်”ဟု မြိတ်ခရိုင်     စိုက်ပျိုးရေးဦးစီးမှူး    ဒေါ်အင် ကြင်းခိုင်က ပြောသည်။

 


တနင်္သာရီ     တိုင်းဒေသကြီး အတွင်း ဆီအုန်းကုမ္ပဏီပေါင်း ၂၀ ကျော်ရှိပြီး ပုဂ္ဂလိကခြံရှင် ၄၀ ခန့် ရှိကာ  ကုမ္ပဏီနှင့်   ခြံရှင်အများစု တို့မှာ ကော့သောင်းခရိုင်အတွင်းရှိ ဆီကြမ်းစက်ရုံများသို့ သွားရောက်    ရောင်းချနေရကြောင်း  သိရသည်။

 


“ကျွန်တော်တို့ ခြံကထွက်တဲ့ ဆီသီးခိုင်တွေကို     တောင်ဒဂုန် စက်ရုံမှာပဲ သွားရောက်ရောင်းချ နေရပါတယ်။ ဆီအုန်းစိုက်ပျိုးမှု က နောက်ပိုင်းတွက်ခြေကိုက်လာသော်လည်း ဆီသီးခိုင်သွားရောက် ရောင်းချရတဲ့     စရိတ်တွေက ကုန်ကျမှုတွေ ရှိနေပါတယ်။ မြိတ် ခရိုင်အတွင်းမှာ  ဆီကြမ်းစက်ရုံ တွေသာရှိမယ်ဆိုရင် ကျွန်တော် တို့ ခြံရှင်တွေအတွက် ပိုပြီး အဆင် ပြေလာဖို့   ရှိပါတယ်” ဟု ဆီအုန်း စိုက်ပျိုးသူတစ်ဦးက ပြောသည်။ 

 


မြန်မာနိုင်ငံတွင် ဆီအုန်းစိုက် ပျိုးဖြစ်ထွန်းမှုမှာ တနင်္သာရီတိုင်း ဒေသကြီး တစ်ခုတည်းသာရှိသည့် အတွက်  ခရိုင်အလိုက်  ဆီကြမ်း စက်ရုံများ    ဖြစ်ပေါ်လာရန် ဒေသခံများက     မျှော်လင့်နေ ကြောင်း သိရသည်။  

မြင့်ဦး(မြိတ်)