
ဘားအံ ဧပြီ ၂
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် နိုင်ရေး ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို အရေးကြီးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၃/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်း သည် ရောဂါထိန်းချုပ်ရေးတွင် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် သတ်မှတ်ကာလ အတွင်း စနစ်တကျလျင်လျင်မြန်မြန်ဖြင့် ရည်မှန်း ချက်ပြည့်မီအောင်ထိုးနှံနိုင်ရေးမှာ အရေးကြီးဆုံးပင် ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်း ပြည့်မီစေရေး စနစ်တကျစုဖွဲ့၍ ကာကွယ်ဆေးထိုး လုပ်ငန်းကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များမှ တာဝန် ရှိသူများက ဆောင်ရွက်မည့်အစီအမံနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်အပိုင်းတို့ကို တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း၊ မြေပြင် လက်တွေ့ဆောင် ရွက်ရာတွင် ကြုံတွေ့နေရသည့်အခြေအနေများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကလည်း ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း၊ အစုအဖွဲ့ ကောင်းကောင်းဖြင့် ပိုမိုဂရုစိုက်၍ ကြိုးစားဆောင်ရွက်ကြစေလိုပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကို နားလည် သဘောပေါက်သည်အထိ ရှင်းလင်းပြောကြား၍ ကာကွယ်ဆေး ထိုးနှံပေးကြစေလိုကြောင်း၊ တပ်မ တော် တပ်ရင်းတပ်ဖွဲ့များမှ အကူအညီပေးရန် အသင့် ရှိပြီး မြန်မြန်နှင့်များများ ထိုးနှံရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်အောင်မြင်စေရေးအတွက် လိုအပ်ချက် များကို တင်ပြဆွေးနွေးပေးကြစေလိုပြီး ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း တို့က ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်နေရာများ ကို စာရင်းပြုစု၍ သွားလာရန် အခက်အခဲရှိသည့်နေရာ များတွင် စစ်ကြောင်းများဖြင့် ဝိုင်းဝန်းဆောင်ရွက် ပေးနိုင်ရေး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ တွန်းတွန်းတိုက်တိုက်ဖြင့် ကြိုးစား ဆောင်ရွက်ပေးနိုင်ရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ဦးရေပြည့်မီစေရေး ကြိုတင်မျှော်တွေး စီမံဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြ သည်။
ယင်းနောက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်း အဝေးသို့ တက်ရောက်လာသော ဘားအံ၊ ကော့ ကရိတ်၊ မြဝတီ၊ ဖာပွန်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး များက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ကာကွယ် ဆေးထိုးနှံရန်အကျုံးဝင်သူ၊ ကာကွယ်ဆေးထိုးနှံပြီး သူ၊ ထိုးနှံပေးရန်ကျန်ရှိသူစာရင်းများနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြခဲ့ ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်း Volunteer များက သက်ဆိုင်ရာကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကန့်သတ်ချက်ရှိသည့်ဒေသများမှ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား စုရပ်များသတ်မှတ်၍ ထိုးနှံပေးရန်၊ ဧပြီလကုန်တွင် အသက် ၁၈ နှစ်နှင့် အထက် အကျုံးဝင်သူအားလုံး ကာကွယ်ဆေးထိုးနှံပြီး ဖြစ်စေရန်၊ ကာကွယ်ဆေးထိုးနှံပြီးသူများအား စွမ်းအားမြင့် Booster ထိုးနှံပေးနိုင်ရန်၊ ဧပြီလ ကုန်သည်နှင့် အသက် ၅ နှစ်နှင့်အထက် ကလေးငယ် များအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် လမ်းညွှန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)