မြန်မာ့အလှ မဖျက်ဆီးကြနဲ့

 

    *    ဒို့တိုင်းပြည်၏ ပေါသည်သယံဇာတ
        ဆိုသည်ကလျှင် သစ်ပင်သစ်တော
        မျိုးစုံနှော၍ ဝပြောသာယာ
        ရှိခဲ့ပါ၏။
    *    ဒို့ရွာဒို့ကျောင်း အေးစေကြောင်းဖြင့်
        ထနောင်းမန်ကျည်း အပင်ကြီးများ
        ကြီးထွားသန်မာ လှတစ်ရာဖြင့်
        လွန်စွာတင့်တယ်ပါပေ၏။
    *    ကျိုင်းတုံမြို့မှာ သာယာမှုဆောင်
        သစ်တစ်ပင်တောင်ဟု 
        ဂုဏ်ရောင်ညီးညီးရှိခဲ့၏။
    *    ပင်းတယမှာ ညီညာဖြောင့်တန်း
        ညောင်ပင်တန်းကြောင့် ရွှင်လန်းကျက်သရေ
        ပြည့်ဖြိုးဝေ၏ ကန်လေဘုတ်တလုပ်
        သရုပ်ပီပီ  အေးမြကြည်၏။
    *    ရန်ကုန်တက္ကသိုလ် ချက်ဗဟိုဝယ်
        တင့်တယ်ပြယုဂ် သစ်ပုပ်တစ်ပင်
        သမိုင်းဝင်၏။
    *    ထို့ကြောင့်ကဗျာ ရေးကာဆင်ချင်
        ဘယ်ခါတွင်မှ တစ်ပင်သစ်ကောင်း
        မခုတ်ရှောင်းဟု သိကြောင်းသိစေ
        ပြည်သူတွေကို မျှဝေသုတ
        ရကြစေကြောင်း ဆုမွန်တောင်းမိ။
    *    မြန်မာ့အလှ
        ဖျက်ပြီးမှလျှင်  မချမ်းသာချင်နဲ့။
    *    မြန်မာ့အလှ ပိုပြီးလှအောင်
        ထိန်းကြစေရန် စိတ်ရင်းမှန်ကို
        နဘံမိုးဖျား  သိစေသား။       ။
(ဧပြီ ၅ ရက်တွင်ကျရောက်မည့် မြန်မာ့သစ်လုပ်ငန်းအတွက် အမှတ်တရ။)
ဘိုမျိုး(ရွှေဘို)