
ရန်ကုန် ဧပြီ ၂
၂၀၂၂ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ၊ ရန်ကုန်မြို့မှ မြန်မာပြည်အနယ်နယ်အရပ်ရပ်သို့ ခရီးသွားပြည်သူများနှင့်ကုန်စည်များ သယ်ယူပို့ဆောင်ပေးနေသည့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည့်အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ (၂/၂၀၂၂)ကို ယမန်နေ့ ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှင်းလင်းပွဲတွင် ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က မဟာသင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများ ပြေးဆွဲပေးမည့်အခြေ အနေ၊ ကော်မတီဝင်(၁) ဦးခင်မောင်ထွေးက မဟာသင်္ကြန်ကာလ အတွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲပေးမည့်အခြေအနေ၊ ကော်မတီ ဝင်(၅) ဦးဘမြင့်က မဟာသင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်း များ ပြေးဆွဲပေးမည့်အခြေအနေ၊ ကော်မတီဝင်(၆) ဦးအေးအောင်က ကုန်စည်များသယ်ယူပို့ဆောင်သည့်ယာဉ်များ ပြေးဆွဲပေးမည့်အခြေ အနေတို့ကို ရှင်းလင်းပြောကြားသည်။
နိုင်လင်းအောင်(တာမွေ)