၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၃၉၇ ဦးရှိ

 

နေပြည်တော်    ဧပြီ   ၁


၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်္ဂလိပ်စာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၃၉၇ ဦးရှိကြောင်း သိရသည်။

 


ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၁၂၃၈ ခု စာစစ်ဌာနစုစုပေါင်း ၁၂၅၈  ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၃၁၂၄၂၄ ရှိပြီး စာမေးပွဲ ဒုတိယ နေ့ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၃၉၇ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၀၇ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။                       

 

သတင်းစဉ်