မိမိတို့ရရှိလာသည့် အတွေ့အကြုံ၊ ပညာများနှင့်အတူ အခွန်ထမ်းပြည်သူများကို အဂတိတရားကင်းရှင်းစွာ ဝန်ဆောင်မှုပေးကြရမည်ဖြစ်

 

နေပြည်တော်  ဧပြီ   ၁


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည်  ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ   ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်တွင်းအခွန် များ ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်း ကျွမ်းကျင်မှုသင်တန်း  အမှတ်စဉ် (၇၆)  သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

 


အခမ်းအနားတွင်   ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း မြို့နယ် အခွန်ဦးစီးဌာနမှူးများအနေ ဖြင့် သင်တန်းမှပို့ချပေးခဲ့သည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေများ၊ ခေတ်စနစ်နှင့်အညီ ပြုပြင် ပြောင်းလဲနေသော အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ အသစ်ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားလွှာ၊    အမိန့်ကြော်ငြာစာများ၊ စီမံရေးရာနှင့်ဝန်ထမ်းရေးရာကိစ္စရပ်များ၊ လက်တွေ့ လုပ်ငန်းခွင်တွင် ကြုံတွေ့ရမည့်   အခွန်စည်းကြပ် ကောက်ခံမှုအခက်အခဲများကို ဖြေရှင်းဆောင်ရွက် နိုင်သည့်နည်းလမ်းများကို  လေ့လာသင်ယူကြပြီး ဖြစ်၍   သင်တန်းမှ   ဆည်းပူးရရှိလာသည်များကို လက်တွေ့ဆောင်ရွက်မှုများဖြင့် ပေါင်းစပ်အသုံးချ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ရရှိလာ သည့် အတွေ့အကြုံ၊ ပညာများနှင့်အတူ အခွန်ထမ်း ပြည်သူများကို စိတ်ရင်းစေတနာအမှန်ဖြင့် အဂတိ တရားကင်းရှင်းစွာ   ဝန်ဆောင်မှုပေးကြရမည်ဖြစ် ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို အဆင့်မီ အခွန်ဌာနတစ်ရပ်ဖြစ်လာစေရန် အဓိက  ဦးတည် အကောင်အထည်ဖော်ရာတွင်       ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသည် အရေးကြီး ကြောင်း၊ သို့မှသာလျှင် နိုင်ငံတော်အတွက်   ရသင့် ရထိုက်သည့် အခွန်ငွေများ  အပြည့်အဝရရှိရေးကို ထိရောက်စွာ  ကြိုးပမ်းဆောင်ရွက်နိုင်ကြမည်ဖြစ် ကြောင်း။ 

 


ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်တွင် အခွန် ထမ်းပြည်သူများကပေးသွင်းသော အခွန်ငွေများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊    ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊   လူမှုရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး စသည့်ကဏ္ဍများအပြင်    ပြည်သူ့ အကျိုးပြုလုပ်ငန်းများတွင်    ပြည်သူ့ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ အကျိုးရှိရှိခွဲဝေသုံးစွဲဆောင် ရွက်နေသည်ကို အခွန်ထမ်းပြည်သူများ သိရှိနားလည် သဘောပေါက်လာအောင် ဝန်ထမ်းများက စိတ်ရှည် စွာရှင်းပြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန် ထမ်းပြည်သူများက တာဝန်သိစွာ အခွန်ပေးဆောင် လာစေရန် စဉ်ဆက်မပြတ် အသိပညာပေး စည်းရုံး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြား သည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်း တွင် ပထမ၊ ဒုတိယနှင့်  တတိယဆုရရှိသူ သင်တန်း သားများကို ဆုများ  ချီးမြှင့်ခဲ့ပြီး   သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။ 

 


သင်တန်းဆင်းပွဲအခမ်းအနားသို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါ်သန်းသန်း လင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊   အဆင့်မြင့် အရာထမ်းများနှင့် ဝန်ထမ်းများ  တက်ရောက်ခဲ့ကြပြီး   ရက်သတ္တရှစ်ပတ်ကြာ   ဖွင့်လှစ်ပို့ချခဲ့သည့် အဆိုပါ သင်တန်းသို့      ပြည်တွင်းအခွန်များဦးစီးဌာနမှ သင်တန်းသား၊  သင်တန်းသူ   စုစုပေါင်း   ၇၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။                

     
သတင်းစဉ်