မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဧပြီ   ၁    

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ  အစည်းအဝေးကို ယနေ့   နံနက်   ၁၀   နာရီတွင် နေပြည်တော်ရှိ      မဏိရတနာ ကျောက်စိမ်းခန်းမ၌   ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက   သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးခင် မောင်ရီ တက်ရောက်အမှာစကား ပြောကြားသည်။

 


ထို့နောက်      တက်ရောက် လာသူများက  ၂၀၂၂  ခုနှစ် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင်   ခင်းကျင်းပြသ ရောင်းချမည့်  ကျောက်စိမ်းအတွဲ များနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှု နှင့်    ရောင်းချမည့်  အခြေအနေ၊ လုံခြုံရေးဆိုင်ရာ    အခြေအနေ၊ ပြပွဲတက်ရောက်မည့် ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များ၏ တည်းခိုနေထိုင်ရေး   အခြေအနေ နှင့်  ပြပွဲတွင်    တင်ပြရောင်းချ မည့်   ကျောက်အတွဲများအတွက် ငွေပေးချေမှု အခြေအနေများနှင့် ပတ်သက်၍      ညှိနှိုင်းဆွေးနွေး သည်။

 


အဆိုပါ     အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ     ဖြစ်ကြ သည့် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီး မင်းနောင်၊ ညွှန်ကြားရေးမှူး ချုပ်များ၊    ဦးဆောင်ညွှန်ကြား ရေးမှူးများ၊        မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များ   အသင်းမှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။    


သတင်းစဉ်