ရန်ကုန်မြို့တော်မဟာသင်္ကြန်ပွဲတော်ကျင်းပရန် ပြင်ဆင်‌နေ

 

ရန်ကုန်   မတ်  ၂၅ 


ရန်ကုန်မြို့တော်  မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပနိုင်ရေး စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး    ကော်မတီမှ   သိရသည်။ ရန်ကုန်မြို့တော်      ခန်းမရှေ့၌ မြို့တော်ဗဟိုမဏ္ဍပ်တည်ဆောက် ခြင်းနှင့် ရေကစားမဏ္ဍပ်  တည် ဆောက်ခြင်းကို မတ်၂၀ ရက်က စတင်ကာ      တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေပြီဖြစ်ပြီး ဗဟိုမဏ္ဍပ်တွင်        ပြိုင်ပွဲဝင်ရန်၊ယိမ်းအဖွဲ့များအား လျှောက်လွှာခေါ်ယူထားပြီးဖြစ် သည်။ ယိမ်းပြိုင်ပွဲများကို၁၂ ဦးယိမ်း(မူကြိုကျောင်း များ)၊ (ကျောင်းများ)၊   (ရုံး/အခြားဌာနများ)၊  ၁၆ ဦးယိမ်း  (ကျောင်းများ)၊  (ရုံး/အခြားဌာနများ)၊ ၂၀ ယိမ်း(အလွတ်တန်း)၊ ၁၂ ဦး ယိမ်းအမျိုးသား(အလွတ် တန်း)၊  တိုင်းရင်းသားရိုးရာယဉ်ကျေးမှု   အကများ အပါအ၀င် ကျင်းပပေးမည်ဖြစ်ပြီး ယိမ်းအဖွဲ့များအားလျှောက်လွှာအတွက်  အကဲဖြတ်လုပ်ငန်းကော်မတီ ဖုန်း၀၉၅၁၀၃၂၈၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။   မြန်မာ့ရိုးရာသင်္ကြန်ရေသဘင်ပွဲတော် သည် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ယခု  ၂၀၂၂ ခုနှစ်တွင်   ကျန်းမာရေး၀န်ကြီးဌာနက  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု ပိုးတွေ့ နှုန်းနှင့် သေဆုံးမှုများ လျော့ကျလာသဖြင့်   လူ ၄၀၀ အထိ     စုဝေးခွင့်ပြုကြောင်း    ထုတ်ပြန်ခဲ့သည်။   မန္တလေး၊ နေပြည်တော်တို့တွင်လည်း ယခုနှစ် မြန်မာ့ ရိုးရာ သင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရန် ပြင်ဆင် နေပြီဖြစ်ကြောင်း သိရသည်။


အာကာလင်း