နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

နေပြည်တော်   မတ်   ၂၃


တနင်္သာရီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်း တွင် မြိတ်ခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရှိ      ကျွန်းရတနာ အစည်းအဝေးခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီး   အစိုးရအဖွဲ့ဌာန ဆိုင်ရာများနှင့် တွေ့ဆုံသည်။


ရှင်းလင်းတင်ပြ


တွေ့ဆုံစဉ်       တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က    တနင်္သာရီတိုင်းဒေသကြီး အတွင်း    စိုက်ပျိုးရေးဆိုင်ရာ   အချက်အလက်များကို ရှင်းလင်း တင်ပြပြီး  ဌာနဆိုင်ရာ  တာဝန်ရှိ သူများက ဆီအုန်းပင်   စိုက်ပျိုး ထုတ်လုပ်မှု၊       ကိုကိုးသီးနှံပင် စိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့်  ‘ဝ’ဥ စိုက်ပျိုး   ထုတ်လုပ်နိုင်မှုတို့ကို ဆွေးနွေးတင်ပြကြပြီး    တင်ပြ ချက်များအပေါ်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်    ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း က  လိုအပ်သည်များကို   ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။


တွေ့ဆုံပွဲသို့        နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့်အတူ ဆောက်လုပ်ရေးဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊  တနင်္သာရီတိုင်းဒေသ ကြီး   ဝန်ကြီးချုပ်    ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်စောသန်းလှိုင်၊ စိုက်ပျိုးရေး၊      မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာ     တာဝန်ရှိသူများ တက်ရောက်ကြကြောင်း    သိရ သည်။      

               သတင်းစဉ်