
နေပြည်တော် မတ် ၂၃
၂၀၂၂ ခုနှစ် မတ် ၂၇ ရက်တွင် ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့ အစည်း အဝေးကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ် များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝင်းရှိန်၊ ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မတ် ၂၇ ရက်တွင် ကျင်းပမည့် တပ်မတော်နေ့ အခမ်းအနားတွင် နောက်ဆက်တွဲ ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးရန် အစီအစဉ်ရှိကြောင်း၊ အစဉ်အလာအရ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်သည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်များသည် ၂၀၂၄ ခုနှစ် လွတ်လပ် ရေးနေ့တွင် ပေးအပ်ရမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်၏ ဒီမိုကရေစီစနစ် ပီပြင်ခိုင်မာစေရေး ထိန်းသိမ်းနေသည့် ကာလအတွင်း နိုင်ငံတော်၏ တာဝန် ဝတ္တရားများကို ကျေပွန်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် သစ္စာရှိဝန်ထမ်းကောင်း များရှိကြောင်း၊ အလားတူ အသက်နှင့်ခန္ဓာ ကို စွန့်လွှတ်၍သော်လည်းကောင်း၊ အပြင်းအထန် ဒဏ်ရာရရှိသည်အထိ နိုင်ငံ အတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ ကြသည့် နိုင်ငံ့ဝန်ထမ်းများလည်းရှိ ကြောင်း၊ အဆိုပါ ချီးမြှင့်သင့် ချီးမြှင့်ထိုက် သူများအား ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့တွင် အခမ်းအနားဖြင့် ပေးအပ်လို၍ ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်များပေးအပ်ရန် မကျန်ရှိစေရေး အတွက် စိစစ်စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပေးအပ်မည့် ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စပ်လျဉ်း၍ အလွှာလိုက် မကျန်ရှိစေရေး စီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က စိစစ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့ဝင် တွဲဖက် စစ်ရေးချုပ်က တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်နိုင် ရေးကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်တာဝန် ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသော (သို့မဟုတ်) သေဆုံး၊ ကျဆုံးသော ဝန်ထမ်း များကို ဂုဏ်ပြုချီးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများက ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ် များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ နာယကက ဖြည့်စွက် ဆွေးနွေးပြောကြား သည်။
ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။
သတင်းစဉ်