ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံလျက်ရှိ

 

နေပြည်တော်   မတ်   ၂၃


ပြည်ပနိုင်ငံများမှ    ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို  နယ်စပ်ဂိတ်  အသီးသီးတွင်   လက်ခံဆောင်ရွက်ပေး လျက်ရှိရာ  ယနေ့တွင်  ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃၆ ဦး၊ အမျိုးသမီး ၆၄ ဦး စုစုပေါင်း ၂၀၀ တို့ကို လက်ခံခဲ့ကြသည်။

 


ထိုသို့လက်ခံရာတွင်    သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊      တပ်မတော်ဆေး တပ်ဖွဲ့ဝင်များက   ကိုဗစ်-၁၉  ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက် ရမည့်     အထောက်အထားစာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏    ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး    တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများက      လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

 


ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်        မော်တော်ယာဉ်များ ဖြင့်    ၎င်းတို့နေရပ်အသီးသီးသို့   လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့်     ရောဂါပိုး တွေ့ရှိသူများအားသက်ဆိုင်ရာနေရာများတွင်    သီးသန့်ထားရှိ၍    လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့်    အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။                          

သတင်းစဉ်