နိုင်ငံတကာခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်

 

နေပြည်တော်   မတ်   ၂၃


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်း တွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ကြိုတင် ပြင်ဆင်ခြင်းအတွက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ 

 


အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး


အစည်းအဝေးတွင်      ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က နိုင်ငံတကာလေကြောင်း လိုင်းများအား  ဧပြီ ၁၇ ရက်တွင်  ပုံမှန်ပြန်လည် ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ရာ နိုင်ငံတကာခရီးသွား ဧည့်သည်များ လာရောက်ကြမည်ဖြစ်၍ အဆင်ပြေ ချောမွေ့စွာ    လည်ပတ်နိုင်ရေးအတွက်    ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်ရှိသည်တို့ကို စီစဉ်ဆောင်ရွက် ထားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ လာရောက်ရာတွင် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချမှု ရှိစေရန်အတွက် ဟိုတယ်များအနေဖြင့် ကျန်းမာရေးနှင့်       ဘေးအန္တရာယ်ကင်းရှင်းသည့် ဝန်ဆောင်မှုများပေးနိုင်ရေးအတွက်  Health  and Safety  Protocol  နှင့်အညီ      ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေး နှင့်ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက် ပါက    မည်သို့ဆောင်ရွက်မည်ကို   ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း။

 


ကြိုတင်ပြင်ဆင်ရန်လိုအပ်


 ခရီးသွားဧည့်သည်များ  ခရီးစဉ်ဒေသများသို့ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး၊    တည်းခိုနေထိုင်ရေး တို့အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ  ခရီးစဉ် ဒေသ   စီမံခန့်ခွဲမှုအဖွဲ့ (DMO) များအနေဖြင့်လည်း ကြိုတင်ပြင်ဆင်   ဆောင်ရွက်ထားရှိရန်  လိုအပ်ပါ ကြောင်း၊   ခရီးသွားဧည့်သည်များ   လိုက်နာရမည့်    ဒေသန္တရအမိန့်နှင့်    ညွှန်ကြားချက်များကိုလည်း ကြိုတင်သိရှိနိုင်ရေးအတွက်     ထုတ်ပြန်ထားရန် လိုအပ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ သိသင့် သိထိုက်သည့်      သတင်းအချက်အလက်များကို   ကျယ်ကျယ်ပြန့်ပြန့်    အသိပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်   တိုင်းဒေသကြီးမှ  ရုံးခွဲတာဝန်ခံများအနေဖြင့်  နိုင်ငံ တကာခရီးသွားဧည့်သည်များ  လာရောက်လည်ပတ် သည့်အခါ   အဆင်ပြေချောမွေ့စွာ    လည်ပတ်နိုင်ရေး အတွက်        ဆောင်ရွက်ရမည့်ကိစ္စရပ်များအား      ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန်ဖြစ်ပါကြောင်း။
 ပြည်နယ်/တိုင်းဒေသကြီးရှိ      ဟိုတယ်များ၊ တည်းခိုရိပ်သာများနှင့် Quarantine ဟိုတယ်များ အားလုံး ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရယူထား ရန်  လိုအပ်ပါကြောင်း၊  ခရီးသွားဧည့်သည်များကို အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ပေးနိုင်ရေးအတွက် Information Counter များအား စနစ်တကျဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန မှ    ကျန်းမာရေးနှင့်    ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများ  ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ရာ  သင်တန်းမှ ရရှိလာသော အသိပညာဗဟုသုတများ၊ အတွေ့အကြုံ များအပေါ် အခြေခံ၍ နိုင်ငံတကာခရီးသွား ဧည့်သည် များအား   ဝန်ဆောင်မှုပေးသည့်အခါ   အဆင်ပြေ ချောမွေ့မှုရှိစေရန်      လက်တွေ့ပြန်လည်အသုံးချ လုပ်ကိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်သည့်အခါ မိမိတို့ ဘက်မှ အဆင်သင့်ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ဌာနများ၊    အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 


ဆွေးနွေးတင်ပြ


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာ ကြသော     ညွှန်ကြားရေးမှူးချုပ်များ၊      ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်  နယ်ရုံးခွဲတာဝန်ခံများ က  ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်   ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး        ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်