(၆၂) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မတ်လ၌ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်းသည် ပထမဆုံးဖြစ်

 

နေပြည်တော်  မတ်   ၂၃


(၆၂) ကြိမ်မြောက်  ကမ္ဘာ့မိုးလေ ဝသနေ့   အထိမ်းအမှတ်  အခမ်း အနားကို   ယနေ့   နံနက်ပိုင်းက နေပြည်တော်၊      ပို့ဆောင်ရေး နှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌    ကျင်းပ သည်။ 

 


ကမ္ဘာ့မိုးလေဝသနေ့   အထိမ်း အမှတ်       ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး တင်အောင် စန်း၊ ဦးတင်ထွဋ်ဦး၊    ဦးခင်မောင်ရီ၊    ဒေါက်တာညွန့်ဖေ၊   ဒေါက်တာ သက်သက်ခိုင်၊     ဒုတိယဝန်ကြီး များ၊    ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်       ဖိတ်ကြား ထားသော     ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ 

 


နှစ်စဉ်ကျင်းပ


အခမ်းအနားတွင်     ပို့ဆောင် ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင်စန်းက       ကမ္ဘာ့ မိုးလေဝသနေ့   အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် မတ် ၂၃ရက် ရောက်တိုင်း ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ် မှာ     “သဘာဝဘေးအန္တရာယ် လျော့ပါးရေးကြိုတင် သတိပေးမှု နှင့်     တုံ့ပြန်ဆောင်ရွက်မှုကို မြှင့်တင်ပေး”   (“Early Warning and Early Action. Hydromet-eorological    and    Climate Information for Disaster Risk Reduction’’)   ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှု ကြောင့်    မိုးလေဝသ၊   ဇလဗေဒ နှင့်    ရာသီဥတုဆိုင်ရာ  အစွန်း ရောက် အဖြစ်အပျက်များသည်  ကမ္ဘာ့နေရာအနှံ့အပြားတွင်  ပိုမို ဖြစ်ပွားလာခဲ့ရာ    အထူးသဖြင့် ကျွန်းနိုင်ငံများ၊    ဖွံ့ဖြိုးဆဲနိုင်ငံ များသည်    ရာသီဥတုပြောင်းလဲမှု ဒဏ်ကို   အခံရဆုံးဒေသများဖြစ် ပါကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလျက်ရှိသလို    မြန်မာ နိုင်ငံမှာလည်း    သိသိသာသာ ခံစားနေရပါကြောင်း၊    မုတ်သုံ အဝင်နောက်ကျခြင်း၊ အထွက်စော ခြင်းတို့ကြောင့်   ပျမ်းမျှမုတ်သုံ ကာလများ   တိုတောင်းလာရာ ယခင်က  မုတ်သုံကာလ ၁၄၄ ရက် ရှိခဲ့ရာမှ      ယခုအခါ    မုတ်သုံ ကာလ  ၁၂၁ ရက်သာ ရှိတော့သည့် အတွက်  မုတ်သုံကာလ  သုံးပတ် ကျော်  လျော့နည်းခဲ့ပါကြောင်း၊ ယခုလတ်တလော    ရာသီဥတု ပြောင်းလဲမှု     ဖြစ်စဉ်အနေဖြင့် မြန်မာ့ပင်လယ်ပြင်၌     ဖြစ်ပေါ် သွားသည့်  မုန်တိုင်းမှာ  နှစ်ပေါင်း  ၁၀၀ ကျော်အတွင်း   မတ်လ၌ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက် ခြင်းသည် ပထမဆုံးဖြစ်ပါကြောင်း ပြောကြားသည်။ 

 


ဆုချီးမြှင့်


ထို့နောက် ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူးချုပ်ဖြစ်သူ Professor Petteri Taalas ၏  သဝဏ်လွှာကို ဗီဒီယို ဖြင့် ပြသသည်။ ထို့နောက် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ   Video Clip ကို  ပြသခဲ့ပြီးနောက် ကမ္ဘာ့ မိုးလေဝသနေ့   အထိမ်းအမှတ် အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ သူများကို       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး      ဌာန ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့် ပေးအပ်ခဲ့ပြီး        အခမ်းအနား တက်ရောက်လာကြ  သူများနှင့် အတူ    မှတ်တမ်းတင်   ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ 

 


စာတမ်းဖတ်ကြား


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ ဖိတ်ကြား ထားသော ဧည့်သည်တော်များ သည် အခမ်းအနားတွင် ခင်းကျင်း ပြသထားသော        မိုးလေဝသနှင့် ဇလဗေဒ    ညွှန်ကြားမှုဦးစီးဌာန၏  လုပ်ငန်း     ဆောင်ရွက်ရာတွင်   အသုံးပြုသော      ခေတ်မီပစ္စည်း ကိရိယာများနှင့် မှတ်တမ်းဓာတ်ပုံ များအား လှည့်လည်ကြည့်ရှုကြ သည်။    မွန်းလွဲပိုင်းတွင်    မိုးလေ ဝသ၊ ဇလဗေဒ၊ မြေငလျင် ဘာသာ ရပ်ဆိုင်ရာ စာတမ်းများကို မိုးလေ ဝသနှင့်     ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များနှင့် မိတ်ဖက်ဌာနများဖြစ်သော ကျိုင်းတုံတက္ကသိုလ်  (ပထဝီဝင် ဌာန)၊ ရန်ကုန်တက္ကသိုလ်(ပထဝီဝင် ဌာန)၊ လားရှိုးတက္ကသိုလ် (ဓာတု ဗေဒဌာန)နှင့်     နေပြည်တော်၊      စိုက်ပျိုးရေး     သုတေသနဌာန (ရေဆင်း)တို့မှ စာတမ်းရှင်များက ဖတ်ကြားသည်။ ကမ္ဘာ့မိုးလေဝသ အဖွဲ့ကို   ၁၉၅၁ ခုနှစ်မှ  စတင် တည်ထောင်ခဲ့ပြီး    ကမ္ဘာ့မိုးလေ ဝသနေ့ အထိမ်းအမှတ်  အခမ်း အနားကို    ၁၉၆၁ ခုနှစ်မှ    စတင် ကျင်းပခဲ့ရာ   ယနေ့တွင်   (၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အခမ်းအနား    ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။   


သတင်းစဉ်