
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသသွားမည်
နေပြည်တော် မတ် ၂၃
ရုပ်ရှင်လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ပြသရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲ တမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်နှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ လူမှု ရေးရာဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်တို့က အွန်လိုင်းမှ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အင်တာနက်များ ခေတ်မီတိုးတက် လာသော်လည်း နိုင်ငံတိုင်းတွင် ရုပ်ရှင်ရုံများသည် ဆက်လက် တည်ရှိနေပြီး အချို့ဆိုလျှင် ရုပ်ရှင်ရုံများကို ပိုမိုအလေးထား လာကြပါကြောင်း၊ ရုပ်ရှင်ရုံမှ ပေးစွမ်းနိုင်သည့် အသံစနစ်နှင် ခမ်းနားမှုများကြောင့် ရုပ်ရှင်ရုံများ ၏ အခန်းကဏ္ဍသည် အနာဂတ် တွင် ဆက်လက်ထွန်းတောက် နေမည်ဖြစ်ပါကြောင်း၊ အနုပညာ သည် ပျော်ရွှင်မှုနှင့် ဖျော်ဖြေမှု ပေးစွမ်းနိုင်ပြီး ရုပ်ရှင်အနုပညာ ရှင်များ၏ ဆောင်ရွက်ချက်များ သည် ပြည်သူလူထုကို ဖမ်းစားနိုင် ပါကြောင်း၊ ပြည်သူများသည် ၎င်းတို့ချစ်သည့် အနုပညာရှင် များကို အားကျအတုယူလေ့ရှိ သည့်အတွက် အနုပညာရှင်များ၏ အခန်းကဏ္ဍသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့နေပါကြောင်း။
နိုင်ငံတော် ဝန်ကြီးချုပ်က အနုပညာရှင်များကို ပါရမီရှင်များ၊ ပညာရှင်များဟု သတ်မှတ်အလေး ထားပါကြောင်း၊ ရုပ်ရှင်ရုံများကို လည်း အလေးထားစီမံ ဆောင် ရွက်လျက်ရှိပါကြောင်း။
အားလုံးလွှဲပြောင်းပေးပြီး
ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက တာဝန်ယူစီမံ ခန့်ခွဲနေသည့် နိုင်ငံပိုင် ရုပ်ရှင်ရုံ ၂၇ ရုံ၊ ပုဂ္ဂလိကသို့ အပြီးအပိုင် ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများ အနက် ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် စည်းကမ်း သတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံ စုစုပေါင်း ရုပ်ရှင်ရုံ ၁၂၁ ရုံတို့၏ ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ရုပ်ရှင်ရုံများနှင့်သက်ဆိုင် သည့် အထောက်အထား စာရွက် စာတမ်းများကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်း ဒေသကြီး၊ ပြည်နယ်များသို့ ၂၀၁၈ ခုနှစ် ဇူလိုင် ၂ ရက်မှစတင်ပြီး လွှဲပြောင်းပေးအပ်ခဲ့ရာ ၂၀၂၁ ခုနှစ် မေ ၂၄ ရက်တွင် အားလုံးလွှဲပြောင်း ပေးပြီး ဖြစ်ပါကြောင်း။
ညှိနှိုင်းထားပြီးဖြစ်
ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် စည်းကမ်း သတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံ တွင် စာချုပ်ပါစည်းကမ်းနှင့်အညီ ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင် ရွက်ရန် ကျန်ရှိသည့် ရုပ်ရှင်ရုံ ၆၉ ရုံ၏ ရုပ်ရှင်ရုံဝယ်ယူသူများကို စာချုပ်ပါ စည်းကမ်းအတိုင်း အရေးယူ ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များသို့ ညှိနှိုင်းထားပြီးဖြစ်ပါ ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်တွင် ကျင်းပသည့် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်း အဝေး အမှတ်စဉ် (၃/၂၀၂၁) တွင် ပုဂ္ဂလိကသို့ အပြီးအပိုင် ရောင်းချ ခဲ့သည့် ရုပ်ရှင်ပြသခြင်း လုပ်ငန်း ဆောင်ရွက်ရန် စည်းကမ်း သတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံ အနက် ရုပ်ရှင်ပြသခြင်း မရှိသော ရုပ်ရှင်ရုံများကို တွေ့ရှိရသဖြင့် ရုပ်ရှင်မပြသပါက စည်းမျဉ်း စည်းကမ်းအတိုင်း တိကျစွာ အရေးယူဆောင်ရွက်ရန် လမ်း ညွှန်မှုပြုခဲ့မှုအရ နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ အကြောင်းကြားထားပြီး ဖြစ်ပါ ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်း ကမ်းသတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ များနှင့်ပတ်သက်၍ ရုပ်ရှင်ပြသ ခြင်းမပြုဘဲ အခြားစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ခွင့်မပြုရန်၊ သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့် အညီ ရုပ်ရှင်ပြသခြင်း လုပ်ငန်းကိုသာ ဆောင်ရွက်စေရေး ကြပ်မတ် ဆောင်ရွက်သွားရန်၊ ရုပ်ရှင်သည် ပြည်သူလူထုနှင့် တိုင်းပြည်၏ Motivation ကို အကျိုးပြုသည့် လုပ်ငန်းတစ်ခုဖြစ်၍ အားပေးသွား ရန်နှင့် အနုပညာရှင်များသည် လည်း တိုင်းပြည်ကို Motivation လုပ်ပေးနိုင်သဖြင့် ၎င်းတို့ကို နည်းလမ်းတကျ အားပေးရန်၊ ရုပ်ရှင်ရုံမရှိလျှင် ရုပ်ရှင်လောက သည် မည်သို့မျှ ရပ်တည်ရှင်သန် နိုင်မည်မဟုတ်သဖြင့် ရုပ်ရှင်ရုံ များကို လူတစ်စုမှ ထိန်းချုပ်ထား ခြင်း မဖြစ်စေရေး၊ ရုပ်ရှင်ရုံများ တွင် အခြားလုပ်ငန်းများ ဆောင် ရွက်ခြင်းမပြုစေဘဲ ရုပ်ရှင်ကိုသာ ပြသနိုင်ရေး ကြပ်မတ်ဆောင်ရွက် သွားရန်၊ ရုပ်ရှင်ရုံများအား အခြား နည်းလမ်း အသုံးပြုခြင်းကို ခွင့်မပြုရန်နှင့် ဆောင်ရွက်ခြင်း မပြုနိုင်လျှင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံသွားရန် လမ်းညွှန် ထားပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ ပြန်ကြားချက် အရ ရုပ်ရှင်ပြသခြင်း လုပ်ငန်း ဆောင်ရွက်ရန် စည်းကမ်း သတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံ အနက် ရုပ်ရှင်ပြသလျက်ရှိသော ရုပ်ရှင်ရုံ ၂၅ ရုံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တရပ်နားထား ပြီး ရုပ်ရှင်ပြသခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ရုပ်ရှင်ရုံ ၆၉ ရုံရှိရာ တည်ဆောက် ဆဲ ရုပ်ရှင်ရုံ ၁၀ ရုံ၊ ပြန်လည် ဆောက်လုပ်ရန် စီစဉ်လျက်ရှိ သည့် ရုပ်ရှင်ရုံ ၁၆ ရုံ၊ ရုပ်ရှင်ပြသ ခြင်း လုပ်ငန်းဆောင်ရွက်ရန် အစီ အစဉ် မရှိသေးသည့် ရုပ်ရှင်ရုံ ၄၃ ရုံ တို့ဖြစ်သည်ကို တွေ့ရပါ ကြောင်း။
ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး သည် အရေးကြီးသည့် ကဏ္ဍ တစ်ရပ်ဖြစ်ပါကြောင်း၊ တိုင်းပြည်၊ လူမျိုးတို့၏ ယဉ်ကျေးမှု စရိုက် လက္ခဏာများကို နိုင်ငံတကာသို့ အနုပညာနှင့် ထိုးဖောက် ဝင်ရောက်မှုသည် အောင်မြင်သည့် နည်းလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတကာ ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးပြသမှု ရုပ်သံဇာတ်လမ်းတွဲများတွင် ပါရှိ သည့် ဖော်ပြချက်များအရ ငြင်းပယ်၍မရသည့် အချက်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ရုပ်ရှင် ထုတ်လုပ်သူများ၏ ရင်းနှီးမြှုပ်နှံ မှုမှ ဝင်ငွေပြန်လည်ရရှိရန်အတွက် ပြည်တွင်း ရုံတင်ပြသနိုင်မည့် ရုပ်ရှင်ရုံများ ပေါ်ထွန်းလာရေး သည်လည်း အရေးပါသည့် အခန်း ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း။
အများဆုံးရုံတင်ပြသနိုင်ခဲ့
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လည်း Digital ရုပ်ရှင်ရုံများ ပေါ်ပေါက်ရေး အဆင့်မြှင့်ရုပ်ရှင် ဇာတ်ကားများ ထွက်ရှိလာရေး နယ်ပယ်အလိုက် လုပ်ငန်းရှင်များ၊ အနုပညာဖန်တီးသူများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ခဲ့သည့် အတွက် ၂၀၁၃ ခုနှစ်တွင် ရုပ်ရှင်ရုံ/ ပိတ်ကား (၂၉/၃၈) ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ရုပ်ရှင်ရုံ/ ပိတ်ကား (၁၉၆/၂၂၁) အထိ တိုးတက်လာ သကဲ့သို့ ရုပ်ရှင်ဇာတ်ကား ထုတ် လုပ်မှုပိုင်းအနေဖြင့် ၂၀၁၃ ခုနှစ် တွင် ၁၅ ကား ရှိခဲ့ရာ မှ ၂၀၁၉ ခုနှစ်တွင် ၉၈ ကားအထိ တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ လုပ်ငန်း ပြောင်းခွင့်ပြုခဲ့သည့် ရုပ်ရှင်ရုံ ဝယ်ယူထားသူအချို့သည် ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်လာသူ များ ရှိလာခဲ့ပါကြောင်း၊ ရုံတင် ပြသမှုအပိုင်းအနေဖြင့် ရုပ်ရှင်ရုံ တိုးတက်လာသည်နှင့် အမျှ ဇာတ်ကားပြသမှု မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသနိုင် သည့် ဇာတ်ကားအရေအတွက် ၉၇ ကားအထိရှိခဲ့ပြီး ရုပ်ရှင်နှစ် ၁၀၀ အတွင်းတွင် အများဆုံး ရုံတင်ပြသနိုင်ခဲ့ပါကြောင်း။
မြန်မာနှစ်ဆန်း တစ်ရက်နေ့ (ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြန်လည်ဖွင့်လှစ်ချိန်တွင် ယခင် ရုပ်ရှင်ရုံများ ပိုမိုထွက်ပေါ်လာပြီး လုပ်ငန်းရှင် တစ်ဦးချင်းစီ၏ စီးပွားရေးမှသည် လောကတစ်ခု လုံး စီးပွားရေး၊ နိုင်ငံတစ်ခုလုံး စီးပွားရေးများ လည်ပတ်စေနိုင်ပြီး နိုင်ငံတော် စီးပွားရေးဦးတည်ချက် အပေါ် တစ်ဖက်တစ်လမ်းက အထောက်အကူပြု နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ လူမှု ရေးရာ ဝန်ကြီးများနှင့် ဥပဒေချုပ် တို့က ၎င်းတို့၏ တိုင်းဒေသကြီး နှင့် ပြည်နယ်အတွင်း ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် ရုပ်ရှင်ရုံ အရေအတွက်၊ ရုပ်ရှင်ရုံများ၏ သမိုင်းကြောင်း၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ် များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူ တို့က မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်ရေး၊ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ပြသနိုင်ရေး တို့နှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည် ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယခုအခါ အနုပညာရှင်များ အနုပညာ လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် လည်းကောင်း၊ ရုပ်ရှင်လောက သားများ၏ စားဝတ်နေရေးနှင့် ဝင်ငွေရရှိရေးကို အထောက်အကူ ပြုစေရေးအတွက် လည်းကောင်း၊ ရုပ်ရှင်ရုံ လုပ်ငန်းရှင်များ၏ ရပ်ဆိုင်းထားရသည့် စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်နိုင် ရေးအတွက် လည်းကောင်း၊ ပြည်သူလူထု စိတ်လက်ပေါ့ပါးစွာ ရုပ်ရှင်ဇာတ်ကားများ ပြန်လည်၍ ကြည့်ရှုအပန်းဖြေနိုင်ရန်အတွက် လည်းကောင်း ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင် ရွက်လျက်ရှိပြီး မြန်မာနှစ်ဆန်း တစ်ရက်နေ့ (၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်