
ဥတ္တရသီရိ မတ် ၁၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာဖြေဌာနများနှင့် မေးခွန်းလွှာ၊အဖြေလွှာများထားရှိမည့် နေရာ များသို့ မတ် ၁၇ ရက်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲ မြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင် နှင့် တာဝန်ရှိသူများက မီးဘေး အန္တရာယ်လုံခြုံရေး စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ဥတ္တရသီရိမြို့နယ် အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စာဖြေ ဌာန ခြောက်ခုတွင် ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူစာရင်းရှိ စုစုပေါင်း ၁၀၆၈ ဦးရှိကြောင်း မြို့နယ်ပညာ ရေးမှူးထံမှ သိရသည်။
အောင်ကို(ပြန်/ဆက်)