အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

 

အသက်မပြည့် စစ်သည် ၁၀၂၉ ဦးကို  တပ်မတော်မှ  နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့

 

နေပြည်တော်   မတ်   ၁၈


အရွယ်မရောက်သေးသူ  ကလေးသူငယ်များအား     စစ်မှုထမ်းဆောင် ခြင်းမှ    ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ  အစည်းအဝေး (၁/၂၀၂၂) ကို   ယနေ့   မွန်းလွဲ    ၂   နာရီတွင်     ကာကွယ်ရေးဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီးရုံး      အစည်းအဝေးခန်းမ၌     ကျင်းပ သည်။

 


အစည်းအဝေးတွင်   အရွယ် မရောက်သေးသူ  ကလေးသူငယ် များအား  စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ  ကာကွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး           မြထွန်းဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရနှင့်    မြန်မာနိုင်ငံ စောင့်ကြည့်      လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးလုပ်ငန်းအဖွဲ့ (Country   Task   Force    on Monitoring and Reporting-CTFMR)   တို့အကြား    “အရွယ် မရောက်သေးသူ   ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်” ကို  ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း၊    Plan  of Action သက်တမ်းကာလ  ၁၈  လ   ဖြစ် ကြောင်း၊ ၂၀၁၃  ခုနှစ်  ဒီဇင်ဘာ ၂၇ ရက်တွင်   Plan of Action သက်တမ်းကာလ ၁၈ လ  ပြည့် မြောက်ခဲ့သော်လည်း     လုပ်ငန်း ကိစ္စများ      မပြီးပြတ်သဖြင့် ခြောက်လနှစ်ကြိမ်      သက်တမ်း တိုးမြှင့်ခဲ့ကြောင်း။

 


  ပြန်လည်လွှဲပြောင်းပေး


ဒုတိယအကြိမ်    သက်တမ်း ခြောက်လကုန်ဆုံးသည့်   ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နောက်ပိုင်း မှစ၍   Plan  of  Action အား      ထပ်မံသက်တမ်း    တိုးမြှင့်ခြင်း    မရှိတော့ဘဲ  Indicator   21   ချက် ဖြင့်    ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်  ဇူလိုင် ၂၆ ရက်တွင် CTFMR နှင့် မြန်မာအစိုးရကိုယ်စား လှယ်အဖွဲ့တို့      ပြုလုပ်သော   အစည်း အဝေး        ဆုံးဖြတ်ချက်အရ    Indicator 21    ချက်မှ Indicator 11   ချက်အထိ     လျှော့ချကာ        ဆောင်ရွက်ခဲ့ကြောင်း၊  Plan of Action    စတင်ခဲ့သည့်    ၂၀၁၂ ခုနှစ်   ဇွန်လမှ     ယနေ့အချိန် အထိ   အဆိုပါလုပ်ငန်းစီမံချက် အပေါ်     လိုက်နာဆောင်ရွက်မှု အနေဖြင့် CTFMR နှင့် ပူးပေါင်းပြီး တပ်မတော်မှ    အရွယ်မရောက် မီ      မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည် ၁၀၂၉ ဦး ကို    တပ်မတော်မှ   နုတ်ထွက် ခွင့်ပြုပြီး    မိဘရပ်ထံ   ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း။

 


ဆက်လက်၍လည်း  မှားယွင်း စုဆောင်းခြင်းခံခဲ့ရသည်ဟု  စိစစ် တွေ့ရှိရသည့်     အသက်မပြည့် စစ်သည် ၂၈ ဦးကို   မိဘအုပ်ထိန်းသူ များထံ       ပြန်လည်လွှဲပြောင်းပေး နိုင်ရေး    စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊   အရွယ်မရောက်သေးသူ ကလေးသူငယ်များနှင့်         ဆန္ဒ မပါသူများကို  မှားယွင်းစုဆောင်း ခဲ့သည့်       တာဝန်ရှိသူအရာရှိ၊ စစ်သည်များကို အရေးယူဆောင် ရွက်ခဲ့ကြောင်း၊            ထိုကဲ့သို့ တပ်မတော်နှင့်     CTFMR    တို့၏ ပူးပေါင်း    ဆောင်ရွက်မှုကြောင့် ၂၀၂၀ ပြည့်နှစ်   ဇွန်   ၁၅   ရက်တွင် ထုတ်ပြန်ခဲ့သည့်         ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၁၉ ခုနှစ် အတွက်   ကလေးသူငယ်များနှင့် လက်နက်ကိုင်     ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက် တွဲပါ ကလေးစစ်သည် စုဆောင်းမှု နှင့်    အသုံးပြုမှုစာရင်းမှ   မြန်မာ့ တပ်မတော်ကို     ပယ်ဖျက်ခဲ့ပြီး အပြီးသတ်     ပယ်ဖျက်နိုင်ရေး စောင့်ကြည့်ကာလ         တစ်နှစ် သတ်မှတ်ပေးခဲ့ကြောင်း။

 


အသိပေးဆောင်ရွက်


စောင့်ကြည့်ကာလအတွင်း တပ်မတော်အနေဖြင့်   တပ်သား သစ်စုဆောင်းရေးကဏ္ဍ၌  ဥပဒေ၊ စည်းမျဉ်း  စည်းကမ်းများအတိုင်း တိကျစွာ     လိုက်နာဆောင်ရွက် လျက်ရှိကြောင်း၊  ဤသို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း   ၂၀၂၁ ခုနှစ်  ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ သည့်   ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏   ကလေးသူငယ်များနှင့် လက်နက်ကိုင်      ပဋိပက္ခဆိုင်ရာ နှစ်စဉ်    အစီရင်ခံစာမထုတ်ပြန်မီ ကြိုတင်       ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ်   ပြန်လည်စာရင်း သွင်းခဲ့ကြောင်း၊    ထိုသို့ ပြန်လည် စာရင်းသွင်း        ခံရသော်လည်း တပ်မတော်အနေဖြင့်  ကော်မတီ အစည်းအဝေးများကို    ပုံမှန် ဆောင်ရွက်လျက်ရှိပြီး    အစည်း အဝေး    ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်        ပြီးစီးမှုများကို နိုင်ငံခြားရေး    ဝန်ကြီးဌာနမှ တစ်ဆင့် CTFMR သို့  အသိပေး ဆောင်ရွက်လျက်    ရှိကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မှ  “မိမိတို့ဘက်မှ လုပ်နိုင်သည့် အချက် များအား နည်းလမ်းတကျ ဆောင်ရွက်ပြီး CTFMR ဘက်သို့ အသိ ပေးပါရန်”  ဟု   မှတ်ချက် ပြုခဲ့ကြောင်း။

 


CTFMR သို့  အဆင့်တူပူးပေါင်း ဆောင်ရွက်ရန်     မြန်မာဘက်မှ လမ်းကြောင်းမျိုးစုံဖြင့်     ဆက် သွယ်   ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်၏  အကောင် အထည်ဖော်   ဆောင်ရွက်ချက်များ ကိုလည်း ကုလသမဂ္ဂ   အတွင်း ရေးမှူးချုပ်၏    ကလေးသူငယ် များနှင့်     လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ     အထူးကိုယ်စားလှယ် Ms.Virginia Gamba ထံသို့  နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ    တစ်ဆင့် အကြောင်းပြန်    ထားရှိကြောင်း မြန်မာ့တပ်မတော်အနေဖြင့် ကတိ ကဝတ်များအတိုင်း    ဆက်လက် အကောင်အထည်ဖော်    ဆောင် ရွက်သွားမည်ဖြစ်ကြောင်း   ပြော ကြားသည်။ 

 


အကြံပြုဆွေးနွေးတင်ပြ


ထို့နောက်   အစည်းအဝေး တက်ရောက်        လာကြသည့် ကော်မတီဝင်များနှင့်      ရုံး/ဌာန တာဝန်ရှိသူများက        အရွယ် မရောက်သေးသူ   ကလေးသူငယ် များအား  စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင် ရာ ကဏ္ဍများအလိုက် ရှေ့လုပ်ငန်း စဉ်များအပေါ်    အကြံပြုဆွေးနွေး တင်ပြကြရာ  ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ     ဖြည့်စွက် ဆွေးနွေးပြီး     အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 


အစည်းအဝေးသို့   အရွယ် မရောက်သေးသူ    ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး  ထိန်းသိမ်းရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာ ရုံး/ဌာနများမှ    တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


သတင်းစဉ်