
ရန်ကုန် မတ် ၁၆
တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီ - မောတောင်လမ်းပေါ်ရှိ ဗောဓိကမ်း တံတားကို ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန၊ တည်ဆောက် ရေးအဖွဲ့ (၄) က တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ မကြာမီ ဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်၊၊
တနင်္သာရီမြို့ တနင်္သာရီ- မောတောင်လမ်းပေါ်ရှိ ငဝန်မြစ် ကို ဖြတ်သန်းတည်ဆောက်ထား သည့် အဆိုပါ တံတားအရှည် ၇၈၇ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ (၇ ဒသမ ၃၁၆ မီတာ)၊ လူသွားလမ်းအကျယ် ၃ ပေ (၀ ဒသမ ၉၁၄ မီတာ)၊ ယာဉ်တစ်စီး ချင်း ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ် ပြီး စီမံကိန်းတန်ဖိုး ကျပ်သန်း ၃၄၀၀ ကုန်ကျခဲ့ကြောင်း သိရ သည်၊၊
အဆိုပါ ဗောဓိကမ်းတံတား သည် တနင်္သာရီ-တုံခါ-သဲဖြူ-မောတောင် ဆက်သွယ်မည့်လမ်း နှင့် သဲဖြူရွာတွင် တွေ့ဆုံမည့် လမ်းပေါ်တွင်တည်ရှိပြီး ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မောတောင်မှ တနင်္သာရီသို့အသွား သဲဖြူမှတစ်ဆင့် တနင်္သာရီသို့ တိုက်ရိုက် မောင်းနှင်သွားလာနိုင် မည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ လမ်းဖြတ်သန်းရာအပိုင်းဖြစ်သည့် တနင်္သာရီနှင့် သဲဖြူကြားတွင် ရှိသောကျေးရွာ ကိုးရွာ၊ ကျေးရွာ အုပ်စုငါးခုနှင့် တနင်္သာရီမြစ်အရှေ့ ဘက်ကမ်းဒေသများမှ ဒေသထွက် ကုန်စည်များ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်၍ မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်သည်။
ထို့ပြင် ဗောဓိကမ်းတံတား သည် မြန်မာ- ထိုင်း နယ်စပ် ကုန်သွယ်ရေးအတွက် အဓိက လမ်းကြောင်းပေါ်တွင်ရှိပြီး ထိုင်း နိုင်ငံနယ်စပ် ခရီးသွားလုပ်ငန်း များ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်ကာ ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများပါ တိုးတက်လာမည် ဖြစ်သည်။
ယခင်က တနင်္သာရီဘက် ကမ်းမှ ဗောဓိကမ်းဘက်သို့ သွားရောက်ရန် ငဝန်မြစ်ကို စက်ရေယာဉ်၊ လှေငယ်များ အသုံး ပြု၍ ဖြတ်သန်းသွားလာခဲ့ရပြီး ယခုအခါ ဗောဓိကမ်းတံတားကို တည်ဆောက် ပြီးစီးပြီဖြစ်၍ အချိန်တိုအတွင်း ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်သည်။ ထို့ပြင် ဗောဓိကမ်းတံတား တည်ဆောက် ပြီးစီးမှုကြောင့် တနင်္သာရီမြို့ ဧရိယာကို ဗောဓိ ကမ်းဘက်သို့ ထပ်မံချဲ့ထွင် နိုင်မည်ဖြစ်၍ မြို့၏ဧရိယာ ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်၊၊
ခရမ်းစိုးမြင့်