
မကွေး မတ် ၁၆
မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို မတ် ၁၆ ရက် မွန်းလွဲ ၁ နာရီက မကွေးမြို့ မြသလွန်ဘုရားကုန်း တော် မဟာဝိဇိယရံသီတန်ဆောင်း တော်၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သာသနာရေးဆိုင်ရာများ လျှောက် ထားကာ ဘွဲ့ခံဆရာတော်များ အား ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က သာသနာရေးဆိုင်ရာများ လျှောက် ထားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဘွဲ့ခံဆရာတော်များအား ဘွဲ့တံဆိပ် တော် ဆက်ကပ်လှူဒါန်းကြပြီး အထူးပင့် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် ကြွရောက်တော် မူလာကြသော အထူးပင့် ဆရာ တော်ကြီးများနှင့် ဘွဲ့ခံဆရာတော် များအား တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း ကာ ဆွမ်းဆန်တော်စိမ်း လောင်း လှူ ပူဇော်ကြကြောင်း သိရသည်။
မောင်ညီညာ