
ဟိုပုံး မတ် ၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆွမ်းဆန်အိတ် ၁၃၀ နှင့် နဝကမ္မအလှူငွေ ၁၀ သိန်း ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန် အိတ် ၁၃၀၊ နဝကမ္မအလှူငွေကျပ် ၁၀ သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင် ဦးခွန်မောင်ဖြူ က လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက သံဃာတော်များအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူများသည် နောင်တောင်းပရဟိတ တပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဖွင့်လှစ်ထားသော ရှမ်းပြည်နယ် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးအတွက် ဆောင်ရွက်ပေးသည့် ဂျပ်ခုတ်သင်တန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတို့အား သွားရောက်ကြည့်ရှုရာတာဝန်ရှိသူများက ရှင်းလင်းပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပြည်နယ် ဝန်ကြီးချုပ်က ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ပြီးသော သင်တန်းများမှာ လျှပ်စစ်ကျွမ်းကျင်မှု၊ အခြေခံစက်ချုပ်၊ ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း၊ ဂျပ်ခုတ်၊ လူသုံးကုန်ထုတ်လုပ် မှုနှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများ ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)