
ပင်လောင်း မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသား လူငယ် များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လောင်း) ကျောင်းခန်းမ၌ သတင်းအမှား/ အမှန် ခွဲခြား သုံးသပ်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ကြီး ဦးဆလိုင်းမြင့်နိုင် က အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ယင်းနောက် ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး သက်အောင်က သတင်းအမှား/အမှန် အသိ ပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပင်လောင်းမြို့နယ်ရုံးမှ ဦးစီး အရာရှိ (တာဝန်ပေး) ဦးထွန်းလင်းက သတင်း အမှန်/သတင်းမှားများ၊ လုပ်ကြံသတင်းများကို ခွဲခြားသုံးသပ်နိုင်ရန်လည်းကောင်း၊ ပင်လောင်း မြို့နယ်ဥပဒေရုံး ဒုတိယဥပဒေအရာရှိ ဒေါ်သဇင်အေးက ဥပဒေအကြောင်း သိကောင်း စရာများအကြောင်းကိုလည်းကောင်း ဟောပြော သည်။
ထို့နောက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဆလိုင်း မြင့်နိုင်က အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ ဟောပြောပွဲသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ကြပြီး အခမ်းအနား ကို ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ခွန်ရဲ (ပင်လောင်း)