ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (ရိုမေးနီးယားနိုင်ငံ)

Type
နေခြည် (ယမန်နေ့မှ အဆက်) ၂၀၀၄ နောက်ပိုင်း ရောစပ်အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional – MMP) ကို အသုံးပြု သည်။ ထို့အတွက်ကြောင့် မဲဆန္ဒရှင်တိုင်းသည် ကိုယ်စားလှယ်တစ်ဦးချင်းစီအတွက် ဆန္ဒပြု ရွေးချယ်ပေးပြီး ဆန္ဒမဲစုစုပေါင်း ၅၀ ရာခိုင်နှုန်း ထက်ကျော်လွန်ရရှိသော ကိုယ်စားလှယ်လောင်း များသည် ရွေးကောက်တင်မြှောက်ခံရသည်။ ရွေးကောက်တင်မြှောက်ခံရခြင်း မရှိသေးသည့် ကိုယ်စားလှယ်လောင်းများရရှိထားသော ဆန္ဒမဲ များကို အချိုးကျကိုယ်စားပြုစနစ်အသုံးပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် တွက်ချက်သည်။ ကျန်ရှိနေသည့်ကိုယ်စားလှယ်နေရာများကို နိုင်ငံရေးပါတီများအကြား ၎င်း တို့ရရှိသည့် ဆန္ဒမဲအရေအတွက် အချိုးအစား ပေါ်တွင်မူတည်၍ ခွဲဝေပေးသည်။ နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ရရှိရမည့် ခွဲဝေနေရာထက်ပို၍ ကိုယ်စားလှယ်နေရာ အနိုင် ရရှိထားပါက ယင်းနေရာများကို Overhand Seat ဟု ခေါ်ဆိုသတ်မှတ်သည်။ အချိုးကျကိုယ်စားပြု မှုအတွက် အနည်းဆုံးရရှိရမည့် ထောက်ခံမဲ အရေအတွက် ( Threshold ) ၅ ရာခိုင်နှုန်း ရရှိမှ သာလျှင် ကိုယ်စားလှယ်နေရာ ရရှိခွင့်ရှိမည်။ သို့သော် Threshold ၅ ရာခိုင်နှုန်း ပြည့်မီခြင်း မရှိ သော်လည်း အောက်လွှတ်တော်ရှိ မဲဆန္ဒနယ် အနည်းဆုံးခြောက်နယ် သို့မဟုတ် အထက်လွှတ် တော်ရှိ မဲဆန္ဒနယ် အနည်းဆုံးသုံးနယ်၌ အနိုင်ရရှိ ပါက ကိုယ်စားလှယ်နေရာ ရရှိခွင့်ရှိသည်။ ညွန့်ပေါင်းအစုအဖွဲ့များအတွက်မူ ပါတီအရေ အတွက်ပေါ်မူတည်၍ အနည်းဆုံးရရှိရမည့် ထောက်ခံမဲအရေအတွက် ( Threshold ) အား ၈ ရာခိုင်နှုန်းမှ ၁၀ အကြား သတ်မှတ်ထားသည်။ ညွန့်ပေါင်းအစုအဖွဲ့တွင် ပါတီ နှစ်ပါတီပါဝင်ပါက ၈ ရာခိုင်နှုန်းဟုလည်းကောင်း၊ ပါတီ သုံးပါတီ ပါဝင်ပါက ၉ ရာခိုင်နှုန်းဟု လည်းကောင်း၊ ပါတီ လေးပါတီနှင့်အထက်ပါဝင်ပါက ၁၀ ရာခိုင်နှုန်း ဟုလည်းကောင်း သတ်မှတ်ထားသည်။ လက်ရှိကာလ လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိသော တိုက်ရိုက်လျှို့ဝှက်မဲပေးမှုပုံစံဖြင့် သတ်မှတ် ထားသော မဲဆန္ဒနယ်များတွင် အချိုးကျကိုယ်စားပြု စနစ်အသုံးပြုပြီး အောက်လွှတ်တော်ကိုယ်စားလှယ် ၃၃၀ နှင့် အထက်လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦးကို ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ပါတီများသည် အစိုးရဖွဲ့နိုင်ရေးအတွက် အထက် လွှတ်တော်ကိုယ်စားလှယ် ၆၉ နေရာနှင့် အောက် လွှတ်တော်ကိုယ်စားလှယ် ၁၆၅ နေရာအနိုင်ရရှိရန် လိုအပ်သည်။ မဲဆန္ဒနယ်တစ်နယ်တွင် အောက်လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံးလေးဦးနှင့် အထက် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးနှစ်ဦး ရွေးချယ်ရမည်ဖြစ်ပြီး ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ရာတွင် အောက်လွှတ်တော်အတွက် ဖြစ်ပါက နေထိုင်သည့်လူဦးရေ ၇၃၀၀၀ လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်း၊ အထက်လွှတ်တော် အတွက်ဖြစ်ပါက နေထိုင်သည့်လူဦးရေ ၁၆၈၀၀၀ လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်း သတ်မှတ်ထား သည်။ နေထိုင်သည့်လူဦးရေကို ရိုမေးနီးယားနိုင်ငံ စာရင်းအင်းဆိုင်ရာ နှစ်ချုပ်စာအုပ်၌ ဖော်ပြထား သည့် မဲဆန္ဒနယ်သတ်မှတ်မည့်နှစ် မတိုင်မီ ရှေ့တစ်နှစ်၏ ဇန်နဝါရီလ ၁ ရက်နေ့တွင်ရှိနေသော လူဦးရေစာရင်းအား ရယူသတ်မှတ်သည်။ ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ငါးလ အလိုတွင် သန်းခေါင်စာရင်း ကောက်ယူထားပါက ယင်း သန်းခေါင်စာရင်းတွင် ဖော်ပြပါရှိသည့် လူဦးရေ စာရင်းကို ရယူသတ်မှတ်သည်။ ကိုယ်စားလှယ်နေရာရရှိရန်အတွက် နိုင်ငံရေး ပါတီများ၊ ညွန့်ပေါင်းပါတီများ၊ ရွေးကောက်ပွဲ ညွန့်ပေါင်းအဖွဲ့အစည်းများနှင့် ဥပဒေအရ ခွင့်ပြု ထားသည့် တိုင်းရင်းသားလူမျိုးစုတစ်မျိုးမျိုးအား ကိုယ်စားပြုသောအဖွဲ့အစည်းများသည် အနည်းဆုံး ထောက်ခံမဲအရေအတွက် ( Threshold ) တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် စုစုပေါင်းခိုင်လုံမဲ၏ ၅ ရာခိုင်နှုန်း သို့မဟုတ် မဲဆန္ဒနယ် အနည်းဆုံး လေးနယ်တွင် စုစုပေါင်းခိုင်လုံမဲ၏ ၂၀ ရာခိုင်နှုန်း ရရှိရန်လိုအပ်သည်။ ညွန့်ပေါင်းများအတွက်မူ အနည်းဆုံး ထောက်ခံမဲအရေအတွက်ကို တိုးမြှင့် သတ်မှတ်ထားပြီး ပေါင်းစည်းလာသည့် အဦးဆုံး ပါတီတစ်ခုအတွက် အပိုဆောင်း ၃ ရာခိုင်နှုန်းနှင့် ထပ်တိုးပါတီတစ်ခုလျှင် အပိုဆောင်း ၁ ရာခိုင် နှုန်း သတ်မှတ်ထားကာ အများဆုံး ၁၀ ရာခိုင်နှုန်း အထိ အပိုဆောင်း သတ်မှတ်ထားသည်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့်မူ ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်ရှိ Constituency Electoral Quotient ပြည့်မီလျှင် ကိုယ်စားလှယ် နေရာ ရရှိမည်ဖြစ်သည်။ လူနည်းစုလူမျိုးများအနေဖြင့် ဖွဲ့စည်းပုံအရ လွှတ်တော်တွင်း ကိုယ်စားပြုခွင့် ရရှိထားသည်။ အသိအမှတ်ပြုထားသည့် လူနည်းစုလူမျိုးစု တစ်ခုလျှင် အောက်လွှတ်တော်ကိုယ်စားလှယ်နေရာ တစ်နေရာနှုန်းဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိပြီး အနည်းဆုံးထောက်ခံမဲအရေ အတွက် ပြည့်မီရန်မလိုပေ။ လူနည်းစုလူမျိုးစုများအားကိုယ်စားပြုသည့် အဖွဲ့အစည်းများအနေဖြင့် ကိုယ်စားလှယ်နေရာတစ်နေရာ ရရှိရန်အတွက် သတ်မှတ်ထားသော ဆန္ဒမဲအရေအတွက်၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းထက်ကျော်လွန်ပါက ကိုယ်စားလှယ် နေရာတစ်နေရာ ရရှိခွင့်ရှိသည်။ ဥပဒေမူဘောင် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများကို ၁၉၉၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အောက် လွှတ်တော်နှင့် အထက်လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ ၂၀၁၅ ခုနှစ်၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေ ၂၀၀၃ ခုနှစ်၊ နိုင်ငံရေးပါတီများ၏ ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးခြင်းဆိုင်ရာဥပဒေ (နိုင်ငံရေးပါတီဆိုင်ရာဘဏ္ဍာရေးဥပဒေ) ၂၀၀၆ ခုနှစ်၊ စာတိုက်မှတစ်ဆင့် မဲပေးခြင်းဆိုင်ရာဥပဒေ ၂၀၁၅ ခုနှစ်နှင့် ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုဆိုင်ရာဥပဒေ ၂၀၀၂ ခုနှစ်တို့နှင့်အညီ ကျင်းပသည်။ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ဥပဒေမူဘောင် များကို ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ပြင်ဆင် ခဲ့ပြီး နောက်ဆုံးပြင်ဆင်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပြင်ဆင်ခဲ့ရာ ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေးပါတီဆိုင်ရာ ဘဏ္ဍာရေးဥပဒေနှင့် စာတိုက်မှတစ်ဆင့် မဲပေးခြင်းဆိုင်ရာ ဥပဒေတို့တွင် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ပြင်ဆင်ချက်အများစုသည် ၂၀၁၉ ခုနှစ်မတိုင်မီ ပြင်ဆင်ခဲ့သည့် ပြင်ဆင်ချက် များပေါ်တွင် အစားထိုးပြင်ဆင်ခဲ့ခြင်း ဖြစ်သော် လည်း ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ကတိုက်ကရိုက်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံပြင်ပ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များတွင် ပြင်ဆင်ခဲ့ပြီး စာတိုက်မှတစ်ဆင့် မဲပေးခြင်းဆောင်ရွက်နိုင်ရန် လျှောက်ထားရမည့် နေ့ရက်ကို ရက်ပေါင်း ၃၀အထိ တိုးမြှင့်ခဲ့သည်။ နိုင်ငံပြင်ပမဲပေးခြင်းကို နှစ်ရက် အဖြစ် သတ်မှတ်ခဲ့ပြီး မဲပေးရန် စီတန်းစောင့်ဆိုင်း နေခြင်းဖြစ်ပါက ညသန်းခေါင်မတိုင်မီအထိ မဲပေး ခွင့်ပြုရန် ပြင်ဆင်ခဲ့သည်။ စာတိုက်မှတစ်ဆင့် မဲပေး မည့်သူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင် ရန်အတွက် ၎င်းတို့၏ ဆန္ဒမဲလက်မှတ်များကို Download ရယူနိုင်ရန် ပြင်ဆင်ပေးခဲ့သည်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း ရာတွင် လိုအပ်သည့် ထောက်ခံသူလက်မှတ်အရေ အတွက်ကို တစ်ဝက်သို့ လျှော့ချခဲ့ပြီး စာရွက်စာ တမ်းများကိုလည်း အီလက်ထရွန်နစ်နည်းဖြင့် တင်သွင်းနိုင်ရန် စီစဉ်ပေးခဲ့သည်။ ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒနယ်သတ်မှတ်ခြင်း မဲဆန္ဒနယ်သတ်မှတ်ရာတွင် စီရင်စုတစ်စုလျှင် မဲဆန္ဒနယ်တစ်နယ်နှုန်းဖြင့် စီရင်စု ၄၁ ခု အတွက် မဲဆန္ဒနယ် ၄၁ နယ်၊ မြို့တော် Bucharest အတွက် မဲဆန္ဒနယ်တစ်နယ်နှင့် နိုင်ငံပြင်ပတွင် နေထိုင်သည့် ရိုမေးနီးယန်းနိုင်ငံသားများအတွက် မဲဆန္ဒနယ်တစ် နယ် စုစုပေါင်း မဲဆန္ဒနယ် ၄၃ နယ် သတ်မှတ်ထား သည်။ မဲဆန္ဒရှင်စာရင်းမှတ်ပုံတင်ခြင်း ဥပဒေအားဖောက်ဖျက်ခြင်း သို့မဟုတ် ပြစ်ဒဏ် ကျခံရခြင်းများကြောင့် မဲပေးပိုင်ခွင့် မရှိကြောင်း တရားရုံးမှ ဆုံးဖြတ်ထားသူများမှအပ အသက် ၁၈ နှစ်ပြည့်ပြီးသည့် နိုင်ငံသားတိုင်းသည် ရွေးကောက် ပွဲတွင် မဲပေးပိုင်ခွင့် ရှိသည်။ ထို့ပြင် ဥပဒေအရ အချို့သောပြစ်မှုအမျိုးအစားများသည် ကျူးလွန် သည်နှင့်တစ်ပြိုင်နက် မဲပေးပိုင်ခွင့် အလိုအလျောက် ဆုံးရှုံးမည်ဖြစ်သော်လည်း အချို့သော ပြစ်မှုများမှာ ပြစ်မှုကျူးလွန်မှုအပေါ်ချမှတ်သည့် တရားရုံး၏ အမိန့်ပေါ်တွင် မူတည်၍ မဲပေးခွင့် မဆုံးရှုံးပေ။ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း ( PEA ) ၏ စာရင်းဇယားများအရ ၂၀၂၀ ပြည့်နှစ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၉ သန်းခန့် ရှိသည်။ မဲဆန္ဒရှင် စာရင်း မှတ်ပုံတင်ခြင်းစနစ်သည် ပုံသေသတ်မှတ် ထားသည့် စဉ်ဆက်မပြတ်ဆောင်ရွက်နေရသည့်ပုံစံဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း ( PEA ) သည် ပြည်နယ်အာဏာပိုင်အဖွဲ့ အစည်းအသီးသီးမှရရှိသည့် စာမျက်နှာ ၁၁ သို့ စာရင်းများဖြင့် ပုံသေ ပြုစုထားသည့် ဗဟိုမှဦးစီးသော မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရ သည့် အဖွဲ့အစည်းဖြစ်သည်။ မဲဆန္ဒရှင်များသည် အီလက်ထရွန်နစ်နည်းပညာဖြင့် ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းကို လူကိုယ်တိုင်သော်လည်း ကောင်း၊ Online မှ တစ်ဆင့်သော်လည်းကောင်း စစ်ဆေး၍ လိုအပ်သည့် ပြင်ဆင်မှုများကို တစ်နှစ် ပတ်လုံး ဆောင်ရွက်နိုင်သည်။ နေထိုင်သည့် လူဦးရေစာရင်းပေါ်အခြေခံ၍ ပုံသေမဲဆန္ဒရှင်စာရင်းအဖြစ် ပြုစုပြီး မဲရုံများ ခွဲခြား သတ်မှတ်ပေးသည်။ အိမ်ထောင်စုဇယားရှိသည့် နေရာတွင် နေထိုင်ခြင်းမရှိသည့်သူများအတွက် မဲစာရင်းကိုမူ ထပ်ဆောင်းမဲဆန္ဒရှင်စာရင်းအဖြစ် ပြုစုပေးသည်။ အချုပ်ကျခံနေရသူများ၊ အတွင်း လူနာအဖြစ် ဆေးကုမှုခံယူနေရသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်တွင် အမြဲနေ ထိုင်နေရသူများအတွက် ရွေ့လျားမဲပုံး ( Mobile Ballot Box ) အသုံးပြုဆောင်ရွက်နိုင်ရန် ဥပဒေ ပြဋ္ဌာန်းပေးထားသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်တိုင်း ရွေးကောက် ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။ အသက်ကန့်သတ်ချက် အနေ ဖြင့် အောက်လွှတ်တော်အတွက် ၂၃ နှစ်နှင့် အထက် လွှတ်တော်အတွက် ၃၃ နှစ်ပြည့်မီရန် သတ်မှတ်ထား သည်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင် သွင်းခြင်းကို ရွေးကောက်ပွဲမတိုင်မီ ၄၅ ရက် အလို တွင် မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲရုံးတွင် တင်သွင်းရသည်။ နိုင်ငံပြင်ပရောက်ရှိနေသူများ အတွက်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါက ရက်ပေါင်း ၆၀ အလိုတွင် နိုင်ငံပြင်ပမဲ ဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံး၌ တင်သွင်းရ သည်။ ကိုယ်စားလှယ်လောင်းများအဖြစ် နိုင်ငံရေး ပါတီများ၊ ညွန့်ပေါင်းအဖွဲ့အစည်းများနှင့် လူနည်းစု လူမျိုးစုများအားကိုယ်စားပြုသည့် အဖွဲ့အစည်းများ မှ တင်သွင်းနိုင်သကဲ့သို့ တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းအဖြစ်လည်း တင်သွင်းနိုင်သည်။ စာရင်းများဖြင့် ပုံသေပြုစုထားသည့် ဗဟိုမှ ဦးစီးသော မဲဆန္ဒရှင်စာရင်းပြုစုခြင်းအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရသည့် အဖွဲ့အစည်း ဖြစ်သည်။ မဲဆန္ဒရှင်များသည် အီလက်ထရွန်နစ် နည်းပညာဖြင့် ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းကို လူကိုယ်တိုင်သော်လည်းကောင်း၊ Online မှ တစ်ဆင့်သော်လည်းကောင်း စစ်ဆေး၍ လိုအပ် သည့် ပြင်ဆင်မှုများကို တစ်နှစ်ပတ်လုံး ဆောင်ရွက် နိုင်သည်။ နေထိုင်သည့် လူဦးရေစာရင်းအပေါ်အခြေခံ၍ ပုံသေမဲဆန္ဒရှင်စာရင်းအဖြစ် ပြုစုပြီး မဲရုံများ ခွဲခြား သတ်မှတ်ပေးသည်။ အိမ်ထောင်စုဇယား ရှိသည့်နေရာတွင် နေထိုင်ခြင်းမရှိသည့်သူများ အတွက် မဲစာရင်းကိုမူ ထပ်ဆောင်းမဲဆန္ဒရှင် စာရင်းအဖြစ် ပြုစုပေးသည်။ အချုပ်ကျခံနေရသူ များ၊ အတွင်းလူနာအဖြစ် ဆေးကုမှုခံယူနေရသူ များနှင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်တွင် အမြဲနေ ထိုင်နေရသူများအတွက် ရွေ့လျားမဲပုံး (Mobile Ballot Box) အသုံးပြုဆောင်ရွက်နိုင်ရန် ဥပဒေ ပြဋ္ဌာန်းပေးထားသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်တိုင်း ရွေးကောက် ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။ အသက်ကန့်သတ်ချက် အနေဖြင့် အောက်လွှတ်တော်အတွက် ၂၃ နှစ်နှင့် အထက် လွှတ်တော်အတွက် ၃၃ နှစ်ပြည့်မီရန် သတ်မှတ်ထားသည်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ရွေးကောက်ပွဲ မတိုင်မီ ၄၅ ရက် အလိုတွင် မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲရုံးတွင် တင်သွင်းရသည်။ နိုင်ငံပြင်ပ ရောက်ရှိနေသူများအတွက် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါက ရက်ပေါင်း ၆၀ အလိုတွင် နိုင်ငံပြင်ပမဲ ဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံး၌ တင်သွင်းရသည်။ ကိုယ်စား လှယ်လောင်းများအဖြစ် နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းအဖွဲ့အစည်းများနှင့် လူနည်းစု လူမျိုးစု များအား ကိုယ်စားပြုသည့် အဖွဲ့အစည်းများမှ တင်သွင်းနိုင်သကဲ့သို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းအဖြစ်လည်း တင်သွင်းနိုင်သည်။ ဗဟိုရွေးကောက်ပွဲရုံး (CEB) သည် ပြည်ထောင်စု အဆင့်တွင် ကိုယ်စားလှယ်လောင်းအမည် စာရင်း တင်သွင်းခြင်းကို တာဝန်ယူဆောင်ရွက်ပေးသည်။ ၂၀၂၀ စက်တင်ဘာလတွင် ပြင်ဆင်ခဲ့သည့် ပြင်ဆင်ချက်များအရ လိုအပ်သည့်ထောက်ခံသူ လက်မှတ်အရေအတွက်ကို ယခင် ၁ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ မဲဆန္ဒရှင်စုစုပေါင်း၏ ၀ ဒသမ၅ ရာခိုင်နှုန်းသို့လျှော့ချခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူ များအနေဖြင့် ၎င်းတို့၏ စာရွက်စာတမ်းများကို အီလက်ထရွန်နစ်နည်းဖြင့် တင်သွင်းခွင့်ပြုခဲ့သည်။ ထောက်ခံသူလက်မှတ် မှန်၊ မမှန် စစ်ဆေးနိုင်သည့် နည်းလမ်းကို ဥပဒေအရသတ်မှတ်ပေးထားခြင်း မရှိပေ။ နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိသာ စစ်ဆေးပေးသည်။ ဗဟိုရွေးကောက်ပွဲရုံး (CEB) နှင့် နိုင်ငံပြင်ပ မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံးတို့သည် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ အမည်စာရင်း တင်သွင်းလွှာနှင့် စာရွက်စာတမ်းများကို ၄၈ နာရီ အတွင်း စစ်ဆေးအတည်ပြုပေးရသည်။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကာလကို ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ရက်ပေါင်း ၃၀ အလိုမှ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ၂၄ နာရီအလိုအထိ သတ်မှတ်ထားသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ယှဉ်ပြိုင် သူအားလုံးအတွက် မျှတသောရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအခြေအနေများနှင့် စည်းမျဉ်းစည်း ကမ်းများကို ချမှတ်ပေးထားသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို မျှတမှုရှိစွာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်းနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းသတ်မှတ်ထားသည်။ ဆန္ဒမဲပေးခြင်း ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များသည် ၎င်းတို့ အမြဲတမ်းနေထိုင်ရာ ဒေသ ( Domiciliu ) သို့မဟုတ် အနည်းဆုံး သုံးလ နေထိုင်လျက်ရှိသည့် ယာယီနေထိုင်ရာဒေသ ( Flotant ) တို့တွင်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ နိုင်ငံရပ်ခြားတွင်နေထိုင်လျက်ရှိသည့် ရိုမေးနီးယန်း နိုင်ငံသားများသည် မဲဆန္ဒနယ်အမှတ် ၄၃ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ မဲပေးချိန်ကို နံနက် ၇ နာရီမှ ည ၉ နာရီအထိ သတ်မှတ်ထားပြီး မဲရုံ တစ် ရုံလျှင် မဲဆန္ဒရှင် ၅၀ မှ ၂၀၀၀ အကြား သတ်မှတ်ထားသည်။ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲလက်မှတ်စာရွက် များအား အသုံးပြုဆောင်ရွက်ပြီး မဲရေတွက်ခြင်း ကိုလည်း သမားရိုးကျနည်းလမ်းဖြင့်သာ ရေတွက် သည်။ မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးရာတွင် အထောက်အထားအနေဖြင့် မှတ်ပုံတင်ကတ် သို့မဟုတ် စစ်ဘက်ဆိုင်ရာကျောင်းသားများ အတွက် စစ်ဘက်ဆိုင်ရာမှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်စသည့် ကတ်တစ်မျိုးမျိုးကို ပြသရသည်။ ယင်းနောက် ပုံသေမဲဆန္ဒရှင်စာရင်း (Permanent Electoral List)၊ ထပ်တိုးမဲဆန္ဒရှင် စာရင်း (Supplemental Electoral List) သို့မဟုတ် အထူးမဲဆန္ဒရှင်စာရင်း ( Special Electoral List) စသည့် မဲဆန္ဒရှင်စာရင်းတစ်ခုခုတွင် လက်မှတ် ရေးထိုးပြီးပါက မဲလက်မှတ်တစ်စောင်ကို လက်ခံ ရရှိမည်ဖြစ်ပြီး ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။ ဆန္ဒမဲလက်မှတ်တွင် ကိုယ်စားလှယ်လောင်း အားလုံး၏ အမည်စာရင်းကို ထီစနစ်ပုံစံ(Lottery Type) ဖြင့် အထက်အောက်စဉ်၍ (လွှတ်တော် တွင်းရှိ ပါတီများအား ဦးဆုံးဖော်ပြပြီးနောက် လွှတ်တော်တွင်းမှမဟုတ်သည့်ပါတီများ၊ ယင်း နောက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ) ဖော်ပြထားသည်။ ပါတီနာမည် အပြည့်အစုံ၊ ကိုယ်စားလှယ်လောင်းအမည် (သို့မဟုတ် ကိုယ်စားလှယ်လောင်းအမည်စာရင်း List ) နှင့် ပါတီအမှတ်တံဆိပ်တို့အား မဲလက်မှတ်စာရွက် ပေါ်ရှိ ထောင့်မှန်စတုဂံကွက်အတွင်း ရှင်းလင်း ပြတ်သားစွာ ဖော်ပြထားသည်။ မဲဆန္ဒရှင်သည် ၎င်းရွေးချယ်လိုသည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း သို့မဟုတ် ပါတီ၏တြိဂံပုံ အမှတ်အသား ပေါ်တွင် တံဆိပ်ရိုက်နှိပ်၍ ရွေးချယ်ပေးသည်။ နိုင်ငံပြင်ပရောက်ရှိနေကြသည့်မဲဆန္ဒရှင်များသည် စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ ကောင်စစ်ဝန်ရုံး၊ သံတမန်ရေးရာကိုယ်စားပြုရုံး သို့မဟုတ် နိုင်ငံ ခြားရေးဝန်ကြီးဌာန (MFA ) မှ သတ်မှတ်ထားသည့် သင့်လျော်သည့်နေရာတွင် လူကိုယ်တိုင်ဖြစ်စေ ဆန္ဒမဲပေးနိုင်သည်။ အချိုးကျကိုယ်စားပြုစနစ်ဖြင့် အထက်လွှတ်တော် နှင့် အောက်လွှတ်တော် ကိုယ်စားလှယ်နေရာ တွက်ချက်ခွဲဝေပေးခြင်း အချိုးကျကိုယ်စားပြုစနစ် အသုံးပြု၍ ကိုယ်စားလှယ်နေရာတွက်ချက်ခွဲဝေပေးရာတွင် အဆင့် နှစ်ဆင့်ဖြင့် တွက်ချက်သည်။ ပထမအဆင့် အဖြစ် မဲဆန္ဒနယ်အဆင့်တွင် Hare Method အသုံးပြု တွက်ချက်ခြင်းဖြစ်ပြီး ဒုတိယအဆင့် အဖြစ် ပြည်ထောင်စုအဆင့်တွင် d’Hondt Method အသုံးပြု တွက်ချက်ခြင်း ဖြစ်သည်။ ပထမအဆင့်တွက်ချက်ရာတွင် အနည်းဆုံးရရှိရမည့်ခိုင်လုံမဲအရေအတွက် (Threshold) ပြည့်မီ သည့် နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းပါတီများ၊ ရွေးကောက်ပွဲ ညွန့်ပေါင်းအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြုအဖွဲ့အစည်း များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ရရှိသည့် စုစုပေါင်းခိုင်လုံမဲအရေအတွက်ကို သက်ဆိုင်ရာမဲဆန္ဒနယ်တွင် တင်မြှောက်မည့် ကိုယ်စားလှယ်အရေအတွက်နှင့် အချိုးချခြင်းဖြင့် Constituency Electoral Quotient (CEQ) ရရှိသည်။ CEQ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိမည်ဖြစ်သည်။ Hare Method အသုံးပြုခြင်းဖြစ်သည့်အတွက် CEQ အရ ကိုယ်စားလှယ်နေရာရရှိပြီးဖြစ်သည့် ဆန္ဒမဲ များကို စုစုပေါင်းရရှိသည့် ဆန္ဒမဲအရေအတွက် အနက်မှ ထုတ်ပယ်၍ ကျန်ရှိနေသောဆန္ဒမဲများကို ကိုယ်စားလှယ်နေရာခွဲဝေပေးနိုင်ရေး အတွက် ဒုတိယအဆင့် ဆက်လက်တွက်ချက်သည်။ ဒုတိယအဆင့်တွက်ချက်မှုအဖြစ် Threshold ပြည့်မီသည့် ပါတီအစုအဖွဲ့များ၏ ပထမအဆင့် တွက်ချက်ရာ၌ အသုံးမပြုရသေးသော ကျန်ရှိ ဆန္ဒမဲများကို မဲဆန္ဒနယ်အားလုံးတို့တွင် စုစည်း သည်။ စုစည်းထားသည့် ပါတီအစုအဖွဲ့ တစ်ခုချင်းစီ၏ စုစုပေါင်းမဲများကို ၁၊ ၂၊ ၃၊ ၄ စသည်ဖြင့် အချိုးချသည်။ အချိုးချရာမှ ရရှိလာ သောစားလဒ်များကို ကျန်ရှိသည့် ကိုယ်စားလှယ် အရေအတွက်နှင့် ကိုက်ညီသည်အထိ ကြီးစဉ် ငယ်လိုက်စဉ်သည်။ အငယ်ဆုံးစားလဒ်သည် National Electoral Quotient ( NEQ ) ဖြစ်သည်။ NEQ နှင့် ကိုက်ညီသည့် ဆန္ဒမဲအရေအတွက် တစ်ကြိမ်ပြည့်မီတိုင်း ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိခွင့်ရှိမည်ဖြစ်ပြီး ကိုယ်စားလှယ် နေရာ ခွဲဝေမှုအား ဥပဒေနှင့်အညီ အချိုးကျ ဆက်လက် တွက်ချက်ခွဲဝေပေးသည်။ အငြင်းပွားမှုများနှင့် အယူခံမှုများ ၁။ မဲဆန္ဒရှင်စာရင်း မဲဆန္ဒရှင်စာရင်းနှင့်စပ်လျဉ်း၍ ကျေနပ်မှု မရှိပါက ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင် အဖွဲ့ အစည်း (PEA) တွင် တိုင်ကြားနိုင်ပြီး တိုင်ကြားလာမှု အား သုံးရက်အတွင်း အပြီးသတ်ဆုံးဖြတ်ပေးရ သည်။ ယင်းဆုံးဖြတ်ချက်အပေါ် အယူခံတင်သွင်း လိုပါက သုံးရက်အတွင်း ဒေသဆိုင်ရာတရားရုံးသို့ တင်သွင်းနိုင်သည်။ ၂။ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း ဗဟိုရွေးကောက်ပွဲရုံး ( CEB ) နှင့် နိုင်ငံရပ်ခြား ရှိမဲဆန္ဒရှင်များအတွက် မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲရုံးတို့မှ ဆုံးဖြတ်ပေးလိုက်သော ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက Bucharest တရားရုံးသို့ တင်သွင်းဆောင်ရွက် နိုင်သည်။ အခြားသောမဲဆန္ဒနယ်ဆိုင်ရာရွေး ကောက်ပွဲရုံး ( BEC ) များမှ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက သက်ဆိုင်ရာခရိုင်ရှိ ခုံရုံးများသို့ တင်သွင်းနိုင်ပြီး ၄၈ နာရီအတွင်း အပြီးသတ် ဆုံးဖြတ်ပေးရသည်။ ယင်းဆုံးဖြတ်ချက် များအပေါ်တွင် ထပ်မံ၍ အယူခံတင်သွင်းလိုပါက အထက်တရားရုံးသို့ တင်သွင်းနိုင်သည်။ ၃။ မဲဆွယ်စည်းရုံးခြင်း ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်းနှင့် စပ်လျဉ်း ၍ အငြင်းပွားမှုများပေါ်ပေါက်ပါက မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံးများ သို့မဟုတ် ရဲစခန်းများ တွင် တိုင်ကြားနိုင်သည်။ မဲဆန္ဒနယ်ဆိုင်ရာ ရွေး ကောက်ပွဲရုံးများမှ ဆုံးဖြတ်လိုက်သောအဆုံးအဖြတ် များနှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ၄၈ နာရီ အတွင်း ဗဟိုရွေးကောက်ပွဲရုံးသို့ တင်သွင်းနိုင်သည်။ မဲဆွယ်စည်းရုံးရေးအသုံးစရိတ် ရွေးကောက်ပွဲတွင် အသုံးပြုသည့်ရွေးကောက် ပွဲအသုံးစရိတ်များကို နိုင်ငံရေးပါတီဆိုင်ရာ ဘဏ္ဍာရေးဥပဒေ ( Political Finance Law ) အရ သုံးစွဲခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများသည် လူပုဂ္ဂိုလ်များနှင့် တရားဝင်အဖွဲ့အစည်းများမှ လှူဒါန်းသည့် အလှူငွေများကို လက်ခံပိုင်ခွင့်ရှိသည်။ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း ( PEA ) သည် နိုင်ငံရေးပါတီများကို ကြီးကြပ်ရန် တာဝန်ရှိပြီး စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက် ပိုင်ခွင့်ရှိကာ ပြစ်ဒဏ်များလည်း ချမှတ်ပိုင်ခွင့်ရှိ သည်။ ရွေးကောက်ပွဲပြီးနောက် ၁၅ ရက်အတွင်း နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ သည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်း ရမည်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင် အဖွဲ့ အစည်း ( PEA ) သည် ယင်းကုန်ကျစရိတ်စာရင်း များကို ရက်ပေါင်း ၃၀ အတွင်း စစ်ဆေးရမည် ဖြစ်သည်။ စစ်ဆေးပြီးသည့် အစီရင်ခံစာများကို Online မှတစ်ဆင့်ထုတ်ပြန်ခြင်းနှင့် နိုင်ငံတော်ပြန် တမ်းတွင်ထည့်သွင်းခြင်းတို့ကို ရလဒ်များ ထုတ်ပြန် ပြီးသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ရ မည်။ ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ခြင်းမရှိပေ။ ဖော်ပြပါရှိသည့် အသုံးစရိတ်များသည် လှူဒါန်း ငွေများနှင့်ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း၊ အသေး စိတ်စာရင်းစစ်ဆေးခြင်းနှင့် အသုံးစရိတ်သုံးစွဲမှု စစ်ဆေးခြင်းတို့အပေါ် ပြန်လည်စစ်ဆေးခြင်းတို့အား ကန့်သတ်ထားသည်။ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း ( PEA ) မှ ချမှတ်နိုင်သည့် ဆုံးဖြတ်ချက်များတွင်ငွေကြေးပိုင်းဆိုင်ရာ ဒဏ်ခတ် အရေးယူမှုများလည်း အပါအဝင်ပင်ဖြစ်သည်။ (ဆက်လက်ဖော်ပြပါမည်)