
မော်လမြိုင် မတ် ၁၃
မတ် ၁၉ ရက်တွင်ကျရောက်မည့် (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကို မတ် ၁၂ ရက်က မော်လမြိုင်ဂေါက်ကလပ် ဂေါက်သီးရိုက်ကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးများက Golf Ball High Velocity Solit Core ရိုက်ကာ ပြိုင်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲတွင် မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်အသင်း ၃၀၊ ဂေါက်သီး ရိုက် ကစားသမား ၂၃၀ ပါဝင် ယှဉ်ပြိုင်ကြသည်။
ညနေပိုင်းတွင် ဆုပေးပွဲအခမ်း
အနားကို ဆက်လက်ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ်က အသင်းလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကိုလည်း ကောင်း (ဝဲပုံ)၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူများက ပါအများဆုံးဆု၊ ဘာဒီအများဆုံး ဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ ကျင်း နှင့်အနီးဆုံးရိုက်ချက်ဆု၊ လိုင်းနှင့် အနီးဆုံးဆု၊ အကြိုးစားဆုံးဆုနှင့် အမျိုးသမီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို လည်း ကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရေး အတွက် ပါဝင်သည့်အလှူရှင်များ ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)