ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်

မြစ်ကြီးနား မတ် ၁၃ ကချင်ပြည်နယ်အတွင်း အင်ဂျန်းယန်မြို့နယ်အပါအဝင် ဝေးလံခက်ခဲသော ဆော့လော်မြို့နယ်၊ ခေါင်လန်ဖူး မြို့နယ်၊ နယ်စပ်တစ်လျှောက်ရှိ ဖီမော်၊ ကမ့်ဖန်၊ ပန်ဝါဒေသများရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးနိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကျန်းမာရေးဌာန နှင့် လူမှုပရဟိတအသင်းအဖွဲ့များနှင့် ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးချုပ်အိမ်ရာဝင်း၌ ညှိနှိုင်းဆွေးနွေး သည်။ (ယာပုံ) ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရာတွင် ကိုဗစ် ကာကွယ်ဆေး လူတိုင်းထိုးနှံပေး နိုင်ရေးသည် အရေးကြီးသည့်ကိစ္စ ဖြစ်သလို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ယနေ့ ပြည်နယ်အတွင်းရှိ ဝေးလံခက်ခဲ သော နေရာဒေသများသို့ မိမိတို့ အစိုးရ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြမည့် လူမှုပရဟိတ အသင်းအဖွဲ့များ အား ပြည်နယ်ကိုယ်စား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ထို့အပြင် ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် လိုအပ်သည့် အစီအမံများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးရမည့် ကိစ္စရပ်များကိုလည်း အပြည့်အဝ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး စီမံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် မြစ်ကြီးနားခရိုင် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင် လန်ဒီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ လှိုင်လှိုင်ဌေးနှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေး ရှင်း၊ ပေးဆပ်သူလူမှုပရဟိတ ကူညီရေးအသင်း၊ ဧရာဝတီ ကရုဏာဖောင်ဒေးရှင်း၊ မျိုးဆက် သစ်၊ ရွှေပန်းမြိုင် လူမှုကူညီရေး အသင်းများမှ တာဝန်ရှိသူများ နှင့်အတူ ဆော့လော်မြို့နယ် အတွင်း ဆော့လော်၊ ဖီမော်၊ ကမ့်ဖန်ဒေသများ၊ ခေါင်လန်ဖူး မြို့နယ်အတွင်း ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသများနှင့် အင်ဂျန်း ယန်မြို့နယ်အတွင်းရှိ မြို့ပြနှင့် ကျေးလက်ဒေသနေ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီ အစဉ်များ၊ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် လူမှုပရဟိတ အသင်းများ စနစ်တကျ စုဖွဲ့၍ ခရီးစဉ် ဒေသအလိုက် သွားရောက် ဆောင်ရွက်ကြမည့် အသေးစိတ် အစီအစဉ်များ၊ ကာကွယ်ဆေး သယ်ယူနိုင်ရေးလိုအပ်သည့် အစီ အစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးသည်။ ယင်းနောက် ဆွေးနွေးမှုများ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံပေးနိုင်ရေး အတွက် အောင်မြင်ရေးကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ခရီးစဉ်အလိုက် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တပ်မတော်၊ ဒေသပြည်သူ့စစ် အဖွဲ့များနှင့် ပေါင်းစပ်ပြီး အုပ်ချုပ်/ ထောက်ပံ့မှု ဆိုင်ရာကိစ္စရပ်များကို ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။ ပြည်နယ်(ပြန်/ဆက်)