တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင်

 

ထားဝယ်      မတ်     ၁၂   


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့    တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊     ဒုတိယဝန်ကြီး   ဦးဇော်အေးမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး  ဦးစောမာတင်လူသာ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။


အခမ်းအနားတွင်         ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရှင်းပြီး နိုင်ငံရေးပါတီလွှမ်းမိုး သည့်  စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မဖြစ်ရန်  လိုအပ် သကဲ့သို့   အရောင်အသွေးကင်းသည့်    စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့အဖြစ် ရပ်တည်ရန်လိုအပ် ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊    ယဉ်ကျေးမှု၊   ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် စာပေယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် စဉ်ဆက် မပြတ် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြစေလို ကြောင်း။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီအနေဖြင့် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့်    တိုင်းရင်းသား လူမျိုးများ၏  ပညာရေး၊  ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ဦးစားပေးကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊   တိုင်းပြည်၏  အနာဂတ်သည် လူငယ်များဖြစ်၍ လူငယ်များပညာတတ်ရန် လိုအပ် ပြီး    ပညာရေးကို   ဦးစားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံ ဖြစ်သည့်အတွက်     တောင်သူလယ်သမားများကို ကူညီပံ့ပိုးဆောင်ရွက်ပေးရမည်      ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်နေသည့် “ပန်းခင်းစီမံချက်” အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်းသည် တရား မျှတသော ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးတွင်         အရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး      ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ကြစေလိုကြောင်း။


တိုင်းရင်းသားအရေးကိစ္စများနှင့်  ပတ်သက်၍ သက်ဆိုင်ရာ   တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရက ဖြေရှင်းပေးရသည့်             ကိစ္စရပ်များရှိသကဲ့သို့ ပြည်ထောင်စုအဆင့်က ဖြေရှင်းပေးရသည့်ကိစ္စများ လည်းရှိသဖြင့်      တိုင်းရင်းသားအရေးကိစ္စများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊   တိုင်းပြည်ငြိမ်းချမ်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်         အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်    တိုင်းဒေသကြီး  ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာ အတူတကွနေထိုင်လျက်ရှိပြီး တိုင်းရင်းသားများ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာ ရေးကဏ္ဍများကို အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီး ဦဇော်အေးမောင်က  တိုင်းရင်းသားရေးရာဟူသည့်       စကားရပ်တွင် တိုင်းရင်းသားတို့၏   စကား၊  စာပေ၊  အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ   အခွင့်အရေးများရရှိရေးတို့    အပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစသည်တို့လည်း ပါဝင် ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီး မှုဖြင့်    စစ်မှန်သော   ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ထာဝစဉ်အတူတကွ လက်တွဲနေထိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး   ဦးစောမာတင်လူသာက  တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအခြေအနေ များကို ရှင်းလင်းတင်ပြသည်။ 
ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များက စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားအရေးကိစ္စများနှင့် ၎င်းတို့ကြုံတွေ့ရ သည့်   အခက်အခဲများကို   ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။  


ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့်  ဒုတိယ ဝန်ကြီးတို့က တိုင်းရင်းသားများ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ    ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ   ဆောင်ရွက်နိုင်ရန်   ထောက်ပံ့ငွေများ ပေးအပ်သည်။


ယင်းနောက်  ဒုတိယဝန်ကြီးက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်းရင်းသားသမိုင်းကြောင်းဆိုင်ရာစာအုပ်များကိုပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 


သတင်းစဉ်