မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ နဂါးပွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းဝင်းအတွင်း ဝင်ရောက်ကာ စာသင်ကြားပေးလျက်ရှိနေသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ရိုက်နှက် ခြိမ်းခြောက်၍ ငွေများနှင့် လက်ကိုင်ဖုန်းများ လုယက်ယူဆောင်

 

နေပြည်တော်  မတ်  ၁၁


PDF အမည်ခံအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာန များနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ် မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် လူငယ်၊ လူရွယ်များကို နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြား ပြသပေးလျက်ရှိ သည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။ 

 


ထိုကဲ့သို့ ဆရာ၊ ဆရာများကို အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ် ခြင်းများ   ပြုလုပ်ခဲ့ရာ မတ် ၁၀ ရက် နံနက် ၉ နာရီ မိနစ် ၄၀ တွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ  နဂါးပွက်အခြေခံပညာအလယ်တန်းကျောင်းခွဲသို့  PDF အမည်ခံ အကြမ်းဖက်သမားများ  ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာကာ    ကျောင်းအတွင်း  ကျောင်းသား ကျောင်းသူများကို  စာပေသင်ကြားပေးလျက်ရှိသည့် အလယ်တန်းပြ  ဦးသန်းမင်းဟန်   (၃၃)နှစ်  (ဘ)  ဦးမျိုးဝေ၊    မူလတန်းကျောင်းအုပ်   ဦးလှိုင်ဝင်း  (၄၁)နှစ် (ဘ)ဦးဘိုလေး၊အလယ်တန်းပြ  ဒေါ်နေခြည်ဦး (၄၀) နှစ် (ဘ)ဦးအောင်ဝင်းနှင့်      အလယ်တန်းပြ ဒေါ်ခင်သဲဖြူ  (၃၃)နှစ်  (ဘ)  ဦးဇော်မောင် တို့ကို “ဒလန်”ဟုစွပ်စွပ်ကာ အကြမ်းဖက် ခြိမ်းခြောက်ပြောဆိုရိုက်နှက်ပြီး   ၎င်းတို့  လေးဦးထံမှ  လက်ကိုင်ဖုန်းများနှင့်  ငွေများ ကို   အတင်းအဓမ္မ   လုယက်ယူဆောင်၍ ဝက်မှီးကျေးရွာဘက်သို့   ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း၊  အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်ရိုက်နှက်မှုကြောင့်    ဦးသန်း မင်းဟန်တွင်   နဖူး/ယာမျက်ခုံး  ပေါက်ပြဲ ဒဏ်ရာ နှစ်ချက်၊ နှုတ်ခမ်းဖူးရောင်ဒဏ်ရာ တစ်  ချက်၊ ဦးလှိုင်ဝင်းတွင်  ဦးခေါင်းထိပ်ပေါက် ပြဲဒဏ်ရာ  တစ်ချက်၊    ခါးနာ   ကျင်ဒဏ်ရာ တစ်ချက်၊      ဒေါ်နေခြည်ဦးတွင်     ခေါင်းမူး/ခါးနာကျင်ဒဏ်ရာများ  ရရှိခဲ့သဖြင့် ဆေးကု သနိုင်ရေး   ပေါက်မြို့နယ်   ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ 

 


အထက်ပါဖြစ်စဉ်တွင်  ဆရာ၊  ဆရာမ များကို   အကြမ်းဖက်  ခြိမ်းခြောက်ရိုက်နှက် ၍    ငွေနှင့်လက်ကိုင်ဖုန်းများအား   လုယက် ယူဆောင်သွားခဲ့သည့်       အကြမ်းဖက်သမား ဖော်ထုတ်ဖမ်းဆီးရမိရေး     လုံခြုံရေးတပ်ဖွဲ့ ဝင်များက   ဒေသခံပြည်သူများနှင့်    ပူးပေါင်း ၍     ရှာဖွေဖော်ထုတ်   စစ်ဆေးမှုများ  ဆောင်ရွက်လျက်ရှိကြောင်း         သတင်းရရှိ သည်။                                

သတင်းစဉ်